စက်တင်ဘာ ၇ ရက်နေ့ကို တော်လှန်ရေးနေ့အဖြစ် NUG ထုတ်ပြန်

PUBLISHED - September 7, 2021
ရန်ကုန်၊ စက်တင်ဘာ ၇ (People Media)
စက်တင်ဘာ ၇ ရက်နေ့ကို တော်လှန်ရေးနေ့(D-Day)နေ့အဖြစ် စတင်ကြောင်း NUG က ယနေ့ ထုတ်ပြန် လိုက်ပါတယ်။
န-စ-က သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်ဖြင့် အဓမ္မလုယူထားကြောင်း၊ ပြည်သူလူထု အနေဖြင့် နည်းလမ်းပေါင်းစုံဖြင့် တွန်းလှန်ကြရန် စသည်ဖြင့် NUG က ထုတ်ပြန်ထားသည်။
အလားတူ အုပ်ချုပ်ရေးမှူးများအားလုံး တာဝန်မှ စွန့်ခွာရန် စသည်ဖြင့် NUG က ဆိုသည်။
#PeopleMedia #NUG
(unicode)
…………………………………………………………
#PeopleMedia #NUG