• Follow Us on
Latest News

Home စက်လှေတစ်စီးပေါ်မှ ကျပ် ၅ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိ

စက်လှေတစ်စီးပေါ်မှ ကျပ် ၅ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ မတ် ၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ချောင်းသာကျေးရွာအနီး ပင်လယ်ပြင်တွင် မသင်္ကာဖွယ် စက်လှေ တစ်စီးပေါ်မှ ငွေကျပ် ၅ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရ မိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် ပုသိမ်မြို့ နယ်၊ ချောင်းသာကျေးရွာအနီး သဲဖြူကျွန်း အနောက်မြောက်ဘက် ရေမိုင် ၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် မသင်္ကာဖွယ်စက်လှေအား စစ်ဆေးခဲ့ရာ စက်လှေပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် ၅ ဒသမ ၂၄ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၂ သိန်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၃ နာရီအချိန် ပူးပေါင်းအဖွဲ့သည် သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မောင်မောင်လေး(ခ)သိန်းဝင်း အား ပုသိမ်မြို့နယ်၊ ရွှေ သောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ညနေ ၅ နာရီ အချိန် ပုသိမ်မြို့နယ်၊ ငွေဆောင် မြို့၊ သဇင်ကျေးရွာတွင်  စိတ်ကြွရူးသွပ်ဆေးပြားများ တင်ပို့ပေးခဲ့သူများဖြစ် ကြသည့် ဝင်းသိန်းထွန်း(ခ)နေသူ နှင့် လင်းထွန်းဟန်(ခ)သားပု တို့ ၂ ဉီး အား စက်လှေတစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။

 

#PeopleMedia


Share this post