စက်သုံးဆီဆိုင်တွင် ဆီဖြည့်သည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးပြီး တစ်ဦးဒဏ်ရာရ
PUBLISHED - August 31, 2023
နေပြည်တော်၊ သြဂုတ် ၃၁
မန္တလေး-မိုးကုတ်ကားလမ်းဘေးရှိ “ရာဇာ” စက်သုံးဆီဆိုင်တွင် ဆီဖြည့်သည့် အမျိုးသားတစ်ဦး သေနတ် ပစ်ခံရ၍ သေဆုံးပြီး စက်သုံးဆီဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၃၀ ရက် နံနက် ၁၀:၁၀ မိနစ်အချိန်တွင် PDF နှစ်ဦးမှ မော်တော်ဆိုင်ကယ်ဖြင့် “ရာဇာ” စက်သုံး ဆီဆိုင်သို့ ရောက်ရှိလာပြီး ထိုဆီဆိုင်တွင် မော်တော်ဆိုင်ကယ်ကို ဆီဖြည့်ပေးနေသည့် စက်သုံးစီဆိုင်ပိုင်ရှင် အမျိုးသားနှင့် မော်တော်ဆိုင်ပိုင်ရှင်အမျိုးသားတို့ကို သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးသွားကြောင်း သိရ သည်။
ထိုသေနတ်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသည့် မော်တော်ဆိုင်ပိုင်ရှင် အမျိုးသားမှာ စဉ့်ကူးမြို့နယ်၊ ညောင်ဝန်း ကျေးရွာတွင် နေသည့် အသက် (၃၆) နှစ်အရွယ် ဦးမျိုးငြိမ်းဇော် (ခ) ပေတလူမှာ PDF များ၏ သေနတ်ပစ်ခတ် မှုကြောင့် ဦးခေါင်း နောက်စေ့ ကျည်ဖောက်ဝင် ပွင့်ထွက်ဒဏ်ရာ ၁ ချက် ဖြင့်သေဆုံးသွားပြီး၊ ဆီဖြည့်ပေးနေ သည့် စက်သုံးဆီဆိုင်ပိုင်ရှင် ဦးဆွေရာဇာဝင်းမှာ ညာဘက်ခြေမကျည်ထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) သည့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia