• Follow Us on

Home စက်သုံးဆီတင်သင်္ဘော ၁၅ စီး မကြာမီ ထပ်မံရောက်ရှိဆိုက်ကပ်မည်

စက်သုံးဆီတင်သင်္ဘော ၁၅ စီး မကြာမီ ထပ်မံရောက်ရှိဆိုက်ကပ်မည်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၃

 

ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် (၁၄၆) ဆိုင်အနက် အချို့ဆိုင်များ၌ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဓာတ်ဆီ 92 RON သည် နေ့စဉ်ပုံမှန်ရောင်းအားထက် ပိုမိုရောင်းအားမြင့်တက်ခဲ့ပြီး ပြည်တွင်းစက်သုံးဆီ သိုလှောင်ထားသည့် Terminal (၃) ခုမှ အရောင်းဆိုင်များ အားလုံးသို့ ဖြန့်ဖြူးပေးရာတွင် ဖြန့်ဖြူးနိုင်မှုစွမ်းအား အရ အလျင်မမှီခဲ့ခြင်းကြောင့် စက်သုံးဆီ ပြတ်လတ်မှုဖြစ်ပေါ်ခဲ့ရာ ယင်းနေ့ညတွင်းချင်းပင် Urgend စနစ်ဖြင့် ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။

 

ပြည်တွင်း၌ စက်သုံးဆီလုံလောက်မှုရှိအောင် စီမံဆောင်ရွက်ထားရှိပြီး လက်ရှိတွင် အများသုံးဓာတ်ဆီဖြစ်သော 92 RON  ဂါလံ (၁၃)သန်းကျော်၊ 95 RON ဂါလံ ၃ သန်းကျော်၊ 97 RON ၁ ဒသမ ၄ သန်းကျော်၊ ရိုးရိုးဒီဇယ် ၂၉ သန်းကျော်နှင့် ပရီမီယမ်ဒီဇယ် သန်း ၂၀ ကျော် ကျန်ရှိကြောင်း သိရှိရကာ ပြတ်လပ်မှုမရှိစေရေး အချိန်မီ ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ထို့ပြင် နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင်လည်း ဆီတင် သင်္ဘော (၄) စီး ဆိုက်ကပ်ခဲ့ပြီး ထပ်မံရောက်ရှိလာမည့် ဆီတင်သင်္ဘော(၁၅)စီးရှိကြောင်းနှင့် ထပ်မံရောက်ရှိ လာမည့် ဆီတင်သင်္ဘောများမှ စက်သုံးဆီများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် စက်သုံးဆီများဖူလုံစွာရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းတွင် မည်သည့်စက်သုံးဆီအမျိုးအစားမဆို အရန် ၁ လစာကျန်ရှိအောင် အမြဲဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ကာလသည် ခရီးသွားရာသီဖြစ်၍ ခရီးသွားများနှင့် အများပြည်သူများ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စက်သုံး ဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အနီးကပ်ကြပ်မတ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 

#PeopleMedia


Share this post