• Follow Us on
Latest News

Home စက်သုံးဆီပြတ်လပ်နိုင်မှုမရှိနိုင်ကြောင်း ထုတ်ပြန်

စက်သုံးဆီပြတ်လပ်နိုင်မှုမရှိနိုင်ကြောင်း ထုတ်ပြန်

Share this post

နေပြည်တော်၊ ဇူလိုင် ၃၁

 

ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်နိုင်မှုမရှိနိုင်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

 

ဇူလိုင်လလယ်ခန့်မှစ၍ နိုင်ငံအနှံ့အပြား၌ မိုးအဆက်မပြတ်ရွာသွန်းပြီး နေရာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် သီလ ဝါဆိပ်ကမ်းဒေသရှိ Terminalများ၌ ပုံမှန်လုပ်ငန်း ဆောင်ရွက်မှုများ အနည်းငယ်နှောင့်နှေးကြန့်ကြာခြင်း၊ ဆီတင်ယာဉ်များဖြင့် ဒေသအနှံ့အပြားသို့ ပို့ဆောင်ရွာတွင်လည်း အချို့ဒေသများ၏ လမ်းခရီးအခြေအနေများ အရ ဆီတင်ယာဉ်ရောက်ရှိရန် အနည်းငယ်နှောင့်နှေးကြန့်ကြာခြင်းတို့ကြောင့် အရောင်ဆိုင်အချို့တွင် ဆီတင်ယာဉ်မရောက်မီ စက်သုံးဆီအမယ်အချို့အား ယာယီပြတ်လပ်မှုမဖြစ်ပေါ်စေရေး စနစ်တကျစိစစ်ထိန်း သိမ်းရောင်းချစေလျက်ရှိသည့်အပြင် လိုအပ်ပါက Urgentအစီအစဉ်ဖြင့် ဖြည့်တင်းပေးခြင်း၊ ရေကြီးရေလျှံမှု ကြောင့် ယာယီပိတ်သိမ်းထားသော အရောင်းဆိုင်များသို့ ပေးပို့နေသည့် စက်သုံးဆီများအား လိုအပ်သည့် အရောင်းဆိုင်များသို့ ရွှေ့ပြောင်းချယူစေခြင်းများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထား သည်။

 

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် ပြည်တွင်း စက်သုံးဆီ ဖူလုံမှုရှိစေရန်နှင့် ပြတ်လပ်မှုမရှိစေရန်အတွက် သီလဝါဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်းများ၌ ၂၀၂၄ခုနှစ် သြဂုတ်လ ဒုတိယပတ်ကုန်အထိ စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေး ကြိုတင်သိုလှောင်ဖြန့်ဖြူးလျက်ရှိသည့်အပြင် ပြည်ပမှစက်သုံးဆီတင်သင်္ဘောများဖြင့်လည်း စဉ်ဆက်မပြတ် ဝင်ရောက်ရန် စီမံကြီးကြပ်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် မကြမီစက်သုံးဆီပြတ်လပ်မည်ဆိုသည့် Online Media များနှင့် ပြင်ပကောလဟာလ သတင်းများကြောင့် စိုးရိမ်ကြောင့်ကြမှုဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ဿ တစ်ဆင့်ပြန်လည်ရောင်းချခြင်းတို့ကို မပြုလုပ်ကြရန်၊ သုံးစွဲရန် လိုအပ်သည့် ပမာဏကိုသာ ဝယ်ယူသုံးစွဲရန်၊ အရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက် ရောင်းချ မပေးခြင်းမျိုး မပြုလုပ်ကြစေရေး စနစ်တကျစိစစ်ကြပ်မတ်လျက်ရှိကြောင်းနှင့် လက်ရှိအခြေအနေများအရ စက်သုံးဆီပြတ်လပ်နိုင်မှုမရှိနိုင်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post