စက်သုံးဆီရောင်းဈေးသိရှိပြီး လိုအပ်သလောက်အလွယ်တကူဝယ်ယူနိုင်မည့် Software Application တစ်ခု အား ရေးဆွဲပြီးဖြစ်၍ ယခုလအတွင်းအသုံးပြုရန်စီစဉ်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦး ပြောကြား
PUBLISHED - March 6, 2024
နေပြည်တော်၊ မတ် ၆
Online အသုံးပြုပြီး နီးစပ်ရာ စက်သုံးဆီ အရောင်းဆိုင်များမှ လိုအပ်သည့် စက်သုံးဆီအမျိုးအစားကို ရောင်း ဈေးနှုန်းသိရှိ ပြီး လိုအပ်သလောက်အလွယ်တကူဝယ်ယူနိုင်မည့် Software Application တစ်ခု အားရေးဆွဲပြီး ဖြစ်၍ ယခုမတ်လအတွင်း အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်း မှုများ မှန်ကန်မြန်ဆန်စေရေးဗဟို ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟို ကော်မတီ၏(၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ဗိုလ်ချုပ်ကြီး မြထွန်းဦးက စက်သုံးဆီကိစ္စရပ်များနှင့် ပတ်သက်ပြီး ပြည်သူများသက်သာတဲ့ဈေးနှုန်းများနှင့် ဝယ်ယူအသုံးပြုနိုင်ရေးနှင့် လုပ်ငန်းရှင်များမှ ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ သက်ဆိုင်ရာ ကော်မတီများမှ အမြဲမပြတ် ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တရားမဝင် စက်သုံးဆီများရောင်းချမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး တိုင်း/ပြည်နယ်များတွင် တရားမဝင် စက်သုံးဆီဖမ်းဆီးရမိမှု အနေ ဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းတွင် စက်သုံးဆီ (3.810) တန် ခန့်မှန်း တန်ဖိုး ကျပ်(၁၂)သန်းနှင့် မကွေးတိုင်းတွင် စက်သုံးဆီ(10.464)တန်၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ်(၃5.၉၉၂)သန်း၊ စုစုပေါင်းစက်သုံးဆီ(14.274)တန်၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ် (47.992) သန်း ဖမ်းဆီးရမိခဲ့ကြောင်း ပြော သည်။
စက်သုံးဆီဆိုင်များနှင့်ပတ်သက်ပြီး အဆင်ပြေချောမွေ့စွာ ရောင်းချ နေမှုများအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ပြည် ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်း/ပြည်နယ်များရှိ စက်သုံးဆီ Terminal များနှင့် စက်သုံးဆီ အရောင်းဆိုင်များအား CCTV Link ချိတ်ဆက်ပြီးစီးမှုအနေဖြင့် စုစုပေါင်း Terminal (😎 ခုနှင့် စက်သုံးဆီဆိုင် (၅၉၁) ဆိုင်အား ချိတ်ဆက် ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ဆီဘောက်ဆာယဉ်များ ဖြတ်သန်းသွားလာမှုအခြေ အနေများကိုလည်း အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန်အတွက် နေပြည်တော်အပါအဝင် တိုင်း/ ပြည်နယ်များရှိ Toll Gate များတွင်လည်း CCTV Camera များ တပ်ဆင် ပြီးစီးမှုအနေနဲ့ Toll Gate ပေါင်း(၅၂)ခုနှင့် CCTV အရေအတွက်(၅၄၂)ခု တပ်ဆင် ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။
ဗိုလ်ချုပ်ကြီး မြထွန်းဦးက အများပြည်သူများအနေဖြင့် Online အသုံးပြုပြီး နီးစပ်ရာ စက်သုံးဆီ အရောင်းဆိုင် များမှ လိုအပ်သည့် စက်သုံးဆီအမျိုးအစားကို ရောင်းဈေးနှုန်းသိရှိ ပြီးလိုအပ်သလောက်အလွယ်တကူဝယ်ယူ နိုင်မယ့် Software Application တစ်ခု အားရေးဆွဲပြီးဖြစ်သဖြင့် ဖေဖေါ်ဝါရီလကုန်မှစ၍ ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်များတွင် စမ်းသပ်အသုံးပြုလျက်ရှိပြီး Software အား လိုအပ်ချက်တချို့ ပြင်ဆင်မွမ်းမံ၍ ယခုမတ်လအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးနယ်နိမိတ်တွင်ရှိသည့် စက်သုံးဆီအရောင်းဆိုင် (၃၀၀) ကျော် အသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားသည်။
#PeopleMedia