စက်သုံးဆီလိုအပ်သည့်ဆိုင်များအား အရေးပေါ်ထပ်မံတိုးမြှင့်ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိ
PUBLISHED - August 15, 2024
နေပြည်တော်၊ သြဂုတ် ၁၅
စက်သုံးဆီအရောင်းဆိုင်အချိုတွင် ဆီပြတ်လပ်မှုဖြစ်ပေါ်လျက်ရှိသဖြင့် ပုံမှန်ဖြန့်ဖြူးပေးမှုအပြင် လိုအပ်သည့် ဆိုင်များအား အရေးပေါ်ထပ်မံတိုးမြှင့်ဖြည့်တင်း ဖြန့်ဖြူးပေးလျက်ရှိကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။
ယခုရက်ပိုင်းအတွင်း ပုံမှန်ကာလများထက် ပိုမိုဝယ်ယူမှုကြောင့် နေပြည်တော်၊ ရန်ကုန်မြိုနှင့် မန္တလေးမြိုတိုရှိ စက်သုံးဆီအရောင်းဆိုင်အချိုတွင် ယာဉ်တန်းစီဝယ်ယူမှုများပြားပြီး ဆီသယ်ယာဉ်မရောက်မီကာလအတွင်း စက်သုံးဆီအမယ်အချို အချိန်ပိုင်းပြတ်လပ်မှုဖြစ်ပေါ်လျက်ရှိသဖြင့် ပုံမှန်ဖြန့်ဖြူးပေးမှုအပြင် လိုအပ်သည့်ဆိုင် များအား အရေးပေါ်ထပ်မံတိုးမြှင့်ဖြည့်တင်း ဖြန့်ဖြူးပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထိုအပြင် ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင်သင်္ဘောများ၏ အခြေအနေအရ ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်နိုင်မည်ဆိုသည့် စိုးရိမ်ကြောင့်ကြမှုဖြစ်ရန် မလို ကြောင်းနှင့် စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိနိုင်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။
သိုဖြစ်ပါ၍ Online Media များနှင့် ကောလာဟလသတင်းများကြောင့် စိုးရိမ်ကြောင့်ကြမှုဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထားရှိခြင်း၊ တစ်ဆင့် ပြန်လည်ရောင်းချရန်ဝယ်ယူခြင်းတို မပြုလုပ်ကြပါရန်၊ လိုအပ်သလောက်သာ ဝယ်ယူသုံးစွဲကြပါရန်နှင့် အရောင်းဆိုင်အချိုတွင်သာ စုပြုံတန်းစီဝယ်ယူနေခြင်းအစား တန်းစီဝယ်ယူမှုနည်းပါးသည့် ပတ်ဝန်းကျင်ရှိ အခြားအရောင်းဆိုင်များသိုလည်း သွားရောက်ဝယ်ယူခြင်းဖြင့် ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုက်တွန်းနှိုးဆော်ထားသည်။
#PeopleMedia