
PUBLISHED - June 15, 2020
စင်ကာပူ၊ ဇွန် ၁၅
(unicode)
စင်ကာပူကို ဆေးကုဖို့သွားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ
………………………………………………….
စင်ကာပူ၊ ဇွန် ၁၅
COVID-19 ကြောင့်မဟုတ်ဘဲ တခြားရောဂါကုသဖို့ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
သူဟာ စင်ကာပူကို ဇွန် ၁၀ ရက်မှာရောက်လာခဲ့တာဖြစ်ပြီး သူ့မှာရောဂါလက္ခဏာမပြတဲ့အပြင် သူကိုယ်တိုင် လည်း ရောဂါကူးစက်ခံထားရတယ်လို့ တွေးထားတာမျိုးမရှိဘူးလို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
ဇွန် ၁၃ ရက်မှာ သူ့ရဲ့စစ်ဆေးမှုအဖြေထွက်ခဲ့တာဖြစ်ပြီး ကူးစက်ခံထားရတာကြောင့် သူဟာ ပြီးခဲ့တဲ့တစ်လ ကျော်အတွင်း စင်ကာပူမှာပထမဆုံးနိုင်ငံခြားကလာသူတစ်ယောက်မှာ ကူးစက်ခံထားရတာပါ။
သူနဲ့ထိတွေ့ခဲ့သူတွေကို ခြေရာခံနေပြီး ထိတွေ့ကြောင်းအတည်ပြုထားနိုင်သူတွေကိုတော့ အသွားအလာ စောင့်ကြည့်ကန့်သတ်ထားပြီဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၇၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၁၁၀၀ ကျော်ရှိနေပါ တယ်။
Ref : Bangladeshi diagnosed with COVID-19 is Singapore’s first imported case in more than a month