စင္ကာပူမွာ ၆ လသားကေလးအပါအ၀င္ ဗိုင္းရပ္စ္ကူးစက္ခံရမႈ ၄ ခု႐ွိလာ

PUBLISHED - February 6, 2020
စင္ကာပူ၊ ေဖေဖာ္ဝါရီ – ၆
ဗုဒၶဟူးေန႔က စင္ကာပူႏိုင္ငံမွာ ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရတဲ့ျဖစ္ရပ္အသစ္ ၄ ခုထပ္တိုးခဲ့ၿပီး စုစုေပါင္း ကူးစက္ခံရသူ ၂၈ ေယာက္႐ွိလာၿပီလို႔ စင္ကာပူက်န္းမာေရး၀န္ႀကီးဌာနကထုတ္ျပန္ပါတယ္။ ထပ္ကူးစက္ခံရ တဲ့ျဖစ္ရပ္ ၄ ခုထဲမွာ ၃ ခုက လူလူခ်င္းကူးစက္ခံရတာျဖစ္ၿပီး ကေလးအေဖနဲ႔ အသက္ ၆ လသားကေလးငယ္ လည္းပါ၀င္ပါတယ္။ ကေလးအေမ အသက္ ၂၈ ႏွစ္အ႐ြယ္အမ်ိဳးသမီးကေတာ့ အေစာပိုင္းကတည္းက ကူးစက္ ခံထားရတာလို႔ အတည္ျပဳႏိုင္ခဲ့တာပါ။
ဒါေပမဲ့ စင္ကာပူမွာ လူအမ်ားၾကားက်ယ္က်ယ္ျပန္႔ျပန္႔ကူးစက္ေနတယ္ဆိုတဲ့ သက္ေသေတာ့မ႐ွိေသးဘူးလို႔ လည္း စင္ကာပူက်န္းမာေရး၀န္ႀကီးဌာနကျဖည့္စြက္ပါတယ္။ အဂၤါေန႔မွာ စင္ကာပူႏိုင္ငံရဲ႕ ပထမဆံုးျပည္တြင္း မွာ ကူးစက္ခံရတဲ့ျဖစ္ရပ္႐ွိလာၿပီလို႔ ေၾကညာခဲ့ၿပီး တစ္ေယာက္ကေတာ့ တ႐ုတ္ခရီးသည္ေတြအတြက္ ဧည့္ လမ္းၫႊန္ျဖစ္ၿပီး ေနာက္ထပ္ႏွစ္ေယာက္ကေတာ့ အဲဒီခရီးသည္ေတြေရာက္ခဲ့တဲ့ဆိုင္မွာ အလုပ္လုပ္ခဲ့တဲ့အျပင္ ေနာက္ဆံုးတစ္ေယာက္ကေတာ့ ကူးစက္ခံရသူတစ္ေယာက္ရဲ႕အိမ္အကူျဖစ္ပါတယ္။
လာလည္ခဲ့တဲ့တ႐ုတ္ခရီးသည္အုပ္စုထဲမွာ ဗိုင္းရပ္စ္ကူးစက္ခံရတယ္လို႔ တ႐ုတ္အစိုးရကေနာက္ပိုင္းမွာ ေၾက ညာခဲ့တဲ့ဂြမ္႐ွီက လူ ၂ ေယာက္လည္းပါ၀င္ပါတယ္။ ဗုဒၶဟူးေန႔က ကူးစက္မႈေတြပါထည့္ေပါင္းရင္ စင္ကာပူမွာ ျပည္တြင္းလူလူခ်င္းကူးစက္ခံရသူ ၇ ေယာက္႐ွိေနပါၿပီ။
Source – CNA
PHOTO: MINISTRY OF FOREIGN AFFAIRS OF SINGAPORE
#PeopleMedia #2019nCoV #Singapore #LocalTransmission
(Unicode)
စင်ကာပူမှာ ၆ လသားကလေးအပါအဝင် ဗိုင်းရပ်စ်ကူးစက်ခံရမှု ၄ ခုရှိလာ
………………………………………………………
စင်ကာပူ၊ ဖေဖော်ဝါရီ – ၆
ဗုဒ္ဓဟူးနေ့က စင်ကာပူနိုင်ငံမှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ဖြစ်ရပ်အသစ် ၄ ခုထပ်တိုးခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၂၈ ယောက်ရှိလာပြီလို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ ထပ်ကူးစက်ခံရ တဲ့ဖြစ်ရပ် ၄ ခုထဲမှာ ၃ ခုက လူလူချင်းကူးစက်ခံရတာဖြစ်ပြီး ကလေးအဖေနဲ့ အသက် ၆ လသားကလေးငယ် လည်းပါဝင်ပါတယ်။ ကလေးအမေ အသက် ၂၈ နှစ်အရွယ်အမျိုးသမီးကတော့ အစောပိုင်းကတည်းက ကူးစက် ခံထားရတာလို့ အတည်ပြုနိုင်ခဲ့တာပါ။
ဒါပေမဲ့ စင်ကာပူမှာ လူအများကြားကျယ်ကျယ်ပြန့်ပြန့်ကူးစက်နေတယ်ဆိုတဲ့ သက်သေတော့မရှိသေးဘူးလို့ လည်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနကဖြည့်စွက်ပါတယ်။ အင်္ဂါနေ့မှာ စင်ကာပူနိုင်ငံရဲ့ ပထမဆုံးပြည်တွင်း မှာ ကူးစက်ခံရတဲ့ဖြစ်ရပ်ရှိလာပြီလို့ ကြေညာခဲ့ပြီး တစ်ယောက်ကတော့ တရုတ်ခရီးသည်တွေအတွက် ဧည့် လမ်းညွှန်ဖြစ်ပြီး နောက်ထပ်နှစ်ယောက်ကတော့ အဲဒီခရီးသည်တွေရောက်ခဲ့တဲ့ဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့အပြင် နောက်ဆုံးတစ်ယောက်ကတော့ ကူးစက်ခံရသူတစ်ယောက်ရဲ့အိမ်အကူဖြစ်ပါတယ်။
လာလည်ခဲ့တဲ့တရုတ်ခရီးသည်အုပ်စုထဲမှာ ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ တရုတ်အစိုးရကနောက်ပိုင်းမှာ ကြေ ညာခဲ့တဲ့ဂွမ်ရှီက လူ ၂ ယောက်လည်းပါဝင်ပါတယ်။ ဗုဒ္ဓဟူးနေ့က ကူးစက်မှုတွေပါထည့်ပေါင်းရင် စင်ကာပူမှာ ပြည်တွင်းလူလူချင်းကူးစက်ခံရသူ ၇ ယောက်ရှိနေပါပြီ။
Source – CNA
PHOTO: MINISTRY OF FOREIGN AFFAIRS OF SINGAPORE
#PeopleMedia #2019nCoV #Singapore #LocalTransmission