• Follow Us on

Home စင်္ကာပူထိပ်တန်းဘဏ် UOB မြန်မာဘဏ်တွေနဲ့ အဆက်အသွယ်ဖြတ်တောက်မည်

စင်္ကာပူထိပ်တန်းဘဏ် UOB မြန်မာဘဏ်တွေနဲ့ အဆက်အသွယ်ဖြတ်တောက်မည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၀

 

စင်္ကာပူထိပ်တန်းဘဏ်တစ်ခုဖြစ်တဲ့ (United Oversea Bank- UOB) က မြန်မာနိုင်ငံက ဘဏ်တွေနဲ့ ပတ်သက် ဆက်နွယ်မှုကို စက်တင်ဘာလ ၁ ရက်နေ့မှာ စတင်ဖြတ်တောက်တော့မှာဖြစ်တယ်လို့ Nikkei Asia သတင်းဌာ နက သြဂုတ်လ ၉ ရက်နေ့က ရေးသားလိုက်ပါတယ်။

 

အခုလိုဆောင်ရွက်လိုက်တာဟာ မြန်မာ နစက အစိုးရအနေနဲ့ နိုင်ငံတကာဘဏ္ဍာရေးစနစ်ထဲကို ဝင်ရောက်ခွင့် မရအောင်ကန့်သတ်တားဆီးလိုက်တဲ့ လှုပ်ရှားမှုတစ်ရပ်ဖြစ်တယ်လု့ိ Nikkei Asia က ပြောပါတယ်။

 

မြန်မာ့တပ်မတော်ဟာ အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ အရပ်သားနေအိမ်တွေနဲ့ အဆောက်အအုံတွေ ကို မီးရှို့ခြင်း စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ ကုသသမဂ္ဂစုံစမ်းစစ်ဆေးရေးအရာရှိတွေက ပြောဆိုလိုက်ပြီးနောက်မှာ အခုလို မြန်မာနိုင်ငံက ဘဏ်တွေနဲ့ အဆက်အသွယ်ဖြတ်တောက်မယ်ဆိုတဲ့သတင်း တွေထွက်ပေါ်လာတာဖြစ်ပါတယ်။

 

မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ၊ မြန်မာနိုင်ငံက ကုမ္ပဏီတွေနဲ့ ခရိုနီကြီးတွေ ရွေးချယ်ထားတဲ့ ပြည်ပနိုင်ငံက UOB ဘဏ်က ၎င်းတို့အနေနဲ့ မြန်မာနိုင်ငံကလာတဲ့ ငွေကြေးအဝင်/အထွက်တွေကို ကန့်သတ်ထားတော့မှာဖြစ် ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာဘဏ်တွေကို အကြောင်းကြားခဲ့ပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံက Visa နဲ့ MasterCard ငွေကြေးလွှဲပြောင်းမှုတွေကိုလည်း ကန့်သတ်လိုက်တော့မှာ ဖြစ် တယ်လို့ ဆိုပါတယ်။

 

ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်အင်ဒရူးက စင်္ကာပူနိုင်ငံဟာ မြန်မာ နစက အစိုးရအတွက် လက် နက်ဝယ်ယူရေးလုပ်ငန်းတွေမှာ အဓိကကြားစခန်းဖြစ်တယ်လို့ မကြာသေးခင်က ထုတ်ဖော်ပြောကြားလိုက်ပါ တယ်။

 

အဲဒီလို ပြောကြားလိုက်ပြီးနောက်မှာ စင်္ကာပူနိုင်ငံရဲ့ဂုဏ်သိက္ခာအတွက် နာမည်ထိခိုက်မှာစိုးလို့ မြန်မာအစိုးရနဲ့ ငွေကြေးဆိုင်ရာဆက်သွယ်မှုတွေဖြတ်တောက်ဖို့ အမေရိကန်အစိုးရက ဖိအားပေးလာပြီးနောက် အခုလို မမျှော် လင့်တဲ့ ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

အခုဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံပေါ် ဘဏ္ဍာရေးဆိုင်ရာအကျိုးသက်ရောက်မှု ကြီးကြီးမားမား ရှိနိုင်ကြောင်း ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူတွေက ပြောပါတယ်။

 

Ref: UOB to Cut Ties With Myanmar Banks on Sept 1 – Nikkei

 

#PeopleMedia


Share this post