စင်္ကာပူနိုင်ငံက United Overseas Bank (UOB) က မြန်မာနိုင်ငံရှိ ဘဏ်တွေနဲ့ချိတ်ဆက်မှုကို ယနေ့ စတင် ဖြတ်တောက်

PUBLISHED - September 2, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁
စင်္ကာပူနိုင်ငံမှ United Overseas Bank (UOB) ဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘဏ်တွေနဲ့ ချိတ်ဆက်မှုကို ဒီနေ့ စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ ဖြတ်တောက်လိုက်ကြောင်း သိရပါတယ်။
အဆိုပါဘဏ်က မြန်မာနိုင်ငံကို ငွေပေးချေမှုအဝင်အထွက်အားလုံးကို ကန့်သတ်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံ မှာရှိတဲ့ Visa၊ Mastercard ငွေပေးချေမှုတွေကိုလည်း တားမြစ်ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။
ခုနောက်ဆုံး လုပ်ဆောင်ချက်ဟာ မြန်မာနိုင်ငံက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးကို ထိထိရောက်ရောက် ဖြတ်တောက်လိုက်တာဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ စီအန်အေသတင်းက ဆက်သွယ်ခဲ့ပေမယ့် UOB က ပြန် လည်တုံ့ပြန်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။
Ref; CNA
#PeopleMedia