စင်္ကာပူနဲ့ တရုတ်နိုင်ငံတို့ ၁၀ ရက်ကြာ စစ်ရေးပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

PUBLISHED - August 28, 2023
နိုင်ငံတကာ၊ သြဂုတ် ၂၈
စင်္ကာပူတပ်မတော်နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ဟာ ကိုဗစ်ကပ်ရောဂါကာလနောက်ပိုင်း ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၁ ရက်နေ့ကစတင်ကာ နှစ်ပတ်ကြာ ပြုလုပ်သွား မယ်လို့ သိရပါတယ်။
စင်္ကာပူကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အဆိုပါစစ်ရေးလေ့ကျင့်မှုဟာ မြို့ပြအကြမ်းဖက်မှု နှိမ်နင်းရေးစစ်ဆင်ရေးဖြစ်ပြီး လက်နက်ငယ် တိုက်ရိုက်ပစ်ခတ်ခြင်းကဲ့သို့ နည်းဗျူဟာဆိုင်ရာ လေ့ကျင့်မှု တွေလည်းပါဝင်တယ်လို့ သိရပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံခြားတိုင်းပြည်တွေနဲ့ အပြန်အလှန်ပူးပေါင်း ဆောက်ရွက်မှုတိုးမြှင့်ဖို့ ရည် ရွယ်ထားတဲ့ စင်္ကာပူရဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စင်္ကာပူနဲ့ တရုတ်နိုင်ငံတို့ကြား နှစ်နိုင်ငံ ကာ ကွယ်ရေးဆိုင်ရာ ဆက်ဆံရေးပိုမိုအားကောင်းစေဖို့ ရည်ရွယ်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။
Ref; straitstimes
#PeopleMedia