• Follow Us on

Home စင်္ကာပူလေကြောင်းလိုင်းက ခရီးစဉ် SQ321 က လေပြင်းဒဏ်ခံခဲ့ရတဲ့ ခရီးသည်တွေကို လျော်ကြေးပေးမည်

စင်္ကာပူလေကြောင်းလိုင်းက ခရီးစဉ် SQ321 က လေပြင်းဒဏ်ခံခဲ့ရတဲ့ ခရီးသည်တွေကို လျော်ကြေးပေးမည်

Share this post

နိုင်ငံတကာ၊ ဇွန် ၁၁

 

လေကြမ်းဒဏ်ခံခဲ့ရတဲ့ လေယာဉ်ခရီးစဉ် SQ321 က ခရီးသည်တွေကို လျော်ကြေးပေးဖို့ စင်္ကာပူလေကြောင်း လိုင်းက ကမ်းလှမ်းလိုက်ပါတယ်။

 

လျော်ကြေးပေးရာမှာ သာမန်အသေးစားထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ဒေါ်လာ ၁၀,၀၀၀ ပေးအပ်သွားမှာ ဖြစ်သလို ဒဏ်ရာပြင်းထန်ပြီး ရေရှည်ဆေးဝါးကုသမှုခံယူရမယ့်သူတွေကို ဒေါ်လာ ၂၅၀၀၀ ကြိုတင်ပေးအပ် သွားမှာဖြစ်ပါတယ်။

 

ဒဏ်ရာပိုမိုပြင်းထန်သူတွေကိုတော့ ၎င်းတို့ရရှိခဲ့တဲ့ဒဏ်ရာနဲ့ ထိုက်တန်တဲ့လျော်ကြေးရရှိအောင် ဆွေးနွေးသွား ဖို့ ဖိတ်ခေါ်ထားကြောင်း စင်္ကာပူလေကြောင်းလိုင်းရဲ့ facebook မှာ ဇွန်လ ၁၁ ရက်နေ့က ကြေညာထား ပါ တယ်။

 

ဒဏ်ရာပြင်းထန်သူတွေအတွက် အပြီးသတ်လျော်ကြေးမရသေးခင်မှာ လိုအပ်တဲ့အတိုင်းသုံးစွဲနိုင်အောင် ကြိုတင်ငွေ ဒေါ်လာ ၂၅၀၀၀ ထုတ်ပေးသွားမှာဖြစ်ပါတယ်။

 

ခရီးစဉ် SQ321 လေယာဉ် ဘန်ကောက်ကို အရေးပေါ်ဆင်းသက်ပြီး ပြန်လည်ထွက်ခွာလာချိန်မှာ ပြန်ပါလာတဲ့ ခရီးသည်တွေကိုလည်း တစ်ဦးကို ဒေါ်လာ ၁,၀၀၀ စီ ပေးအပ်သွားမှာဖြစ်ပါတယ်။

 

ခရီးသည်တွေအတွက် လျော်ကြေးအပြင် ခရီးစဉ် SQ321 လေယာဉ်ပေါ်မှာပါလာတဲ့ ခရီးသည်တွေအားလုံးကို ၎င်းတို့ဝယ်ယူထားတဲ့လက်မှတ်ခတွေ အကုန်ပြန်အမ်းပေးသွားမှာဖြစ်ပါတယ်။

 

စင်္ကာပူလေကြောင်းက ဘိုးရင်း 777-300ER လေယာဉ်ဟာ မေလ ၂၁ ရက်နေ့က လန်ဒန်- စင်္ကာပူ အပြန်ခရီး စဉ် ပျံသန်းလာစဉ် မြန်မာ နိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသရဲ့ ကောင်းကင်ယံမှာ “ရုတ်တရက်အလွန်ပြင်းထန်တဲ့ လေ ကြမ်းတိုက်ခတ်မှု” နဲ့ ကြုံ ခဲ့ရတာဖြစ်ပါတယ်။

 

လေကြမ်းဒဏ်ခံခဲ့ရတဲ့အတွက် စင်္ကာပူလေယာဉ်ဟာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှာ အရေးပေါ်ဆင်းသက် ခဲ့ရပါတယ်။

 

ခရီးသည် ၂၁၁ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၈ ဦးပါဝင်တဲ့ အဆိုပါလေယာဉ်လေကြမ်းထိခိုက်မှုဖြစ်စဉ်မှာ အသက် ၇၃ နှစ်အရွယ် ဗြိတိန်ခရီးသည်တစ်ဦး နှလုံးရောဂါနဲ့ သေဆုံးခဲ့ပြီး ခရီးသည်အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

 

Ref: SIA offers US$10k to minorly injured passengers of turbulence-hit SQ321

 

#PeopleMedia


Share this post