စင်္ကာပူလေကြောင်းလိုင်းက ၎င်းတို့ကုမ္ပဏီဝန်ထမ်းတွေကို ဆုကြေးငွေ ၈ လစာချီးမြှင့်မည်
PUBLISHED - May 16, 2024
နိုင်ငံတကာ၊ မေ ၁၆
စင်္ကာပူလေကြောင်းလိုင်း ကုမ္ပဏီလီမိတက် (Singapore Airlines Ltd) ဟာ အမြတ်အစွန်းများစွာရရှိတဲ့အ တွက် ကုမ္ပဏီဝန်ထမ်းတွေကို ဆုကြေးငွေ (ဘောနပ်စ်) ၈ လစာနီးပါး ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က ရရှိတဲ့အမြတ်ထဲက ဆုကြေးငွေ ၆.၆၅ လစာ ချီးမြှင့်ခဲ့ရာမှ အခုနှစ်မှာ ပိုမိုမြင့်တက်လာပြီး ၈ လစာနီးပါး ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်မှာ စင်္ကာပူလေကြောင်းလိုင်းဟာ စံချိန်တင်အမြတ် စင်္ကာ ပူဒေါ်လာ ၂.၆၇ ဘီလျံ (ကန်ဒေါ်လာ ၁.၉၈ ဘီလျံ) ရရှိခဲ့ရာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် အမြတ်ငွေ ၂၄% မြင့်တက်ခဲ့ပါတယ်။
ကိုဗစ်ကာလ ကန့်သတ်တားဆီးမှုတွေ ပြန်လည်ရုပ်သိမ်းပြီးနောက် ပြိုင်ဘက်ကုမ္ပဏီတွေနဲ့ ယှဉ်ရင် လေ ကြောင်းလိုင်းဝန်ဆောင်မှုလုပ်ငန်းကို အလျင်အမြန်ပြန်လည်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အကျိုးအမြတ်များစွာ ရရှိခဲ့တာဖြစ်ပါတယ်။
မတ်လအတွင်း ခရီးသည်စီးနင်းမှုပမာဏဟာ ကိုဗစ်အကြိုကာလနဲ့ နှိုင်းယှဉ်ရင် ၉၇% မြင့်တက်ခဲ့ပါတယ်။
ဒေါ်လာ ၁.၉၈ ဘီလျံ အမြတ်ရရှိခဲ့တဲ့ စင်္ကာပူလေကြောင်းက ၎င်းတို့ကုမ္ပဏီဝန်ထမ်းတွေကို ၈ လစာ ဆုကြေး ငွေပေးမယ်ဆိုတဲ့သတင်းလိုပဲ စံချိန်တင်အမြတ် ဒေါ်လာ ၅.၁ ဘီလျံ ရရှိခဲ့တဲ့ Emirates လေကြောင်းလိုင်းက လည်း ၎င်းတို့ ဝန်ထမ်းတွေကို ဆုကြေးငွေ ၅ လစာ ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
စင်္ကာပူလေကြောင်းလိုင်း ရှယ်ယာဈေးနှုန်းဟာ ကြာသပတေးနေ့က ဝ.၄% မြင့်တက်သွားတဲ့အတွက် အခုနှစ် အတွင်း ၄.၃% မြင့်တက်သွားတာဖြစ်ပါတယ်။
Ref: Singapore Air staff score almost eight months’ salary as bonus
#PeopleMedia