• Follow Us on

Home စင်္ကာပူဟိုတယ် ဖုန်းလိုင်းကတစ်ဆင့် စစ်သတင်းပေါက်ကြားခဲ့တဲ့အတွက် ဂျာမန်အစိုးရ ပြစ်တင်ရှုတ်ချ

စင်္ကာပူဟိုတယ် ဖုန်းလိုင်းကတစ်ဆင့် စစ်သတင်းပေါက်ကြားခဲ့တဲ့အတွက် ဂျာမန်အစိုးရ ပြစ်တင်ရှုတ်ချ

Share this post

နိုင်ငံတကာ၊ မတ် ၅

 

စင်္ကာပူနိုင်ငံမှာရှိတဲ့ ဟိုတယ်လိုင်းကတစ်ဆင့် ဂျာမန်ထိပ်တန်းလျှို့ဝှက်သတင်းလုံခြုံရေးပေါက်ကြားခဲ့တဲ့အ တွက် ဂျာမန်အစိုးရက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

 

ဂျာမန်တပ်မတော်အရာရှိတွေ ပြောဆိုနေကြတဲ့ ထိပ်တန်းလျှို့ဝှက်အကြောင်းတွေကို စင်္ကာပူနိုင်ငံမှာရှိတဲ့ ဟို တယ်အခန်းတစ်ခုထဲကနေ လုံခြုံမှုမရှိတဲ့လိုင်းကတစ်ဆင့် ရုရှားတွေက ကြားဖြတ်ဝင်ရောက်နားထောင်ခဲ့လို့ သတင်းပေါက်ကြားခဲ့တာဖြစ်ကြောင်း ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယပ်စ်က အင်္ဂါနေ့ (မတ်လ ၅ ရက်နေ့) က ပြောပါတယ်။

 

သတင်းပေါက်ကြားမှုနဲ့ ပတ်သက်ပြီး ဂျာမန်တန်ပြန်စစ်ထောက်လှမ်းရေးအဖွဲ့က စုံစမ်းစစ်ဆေးပြီးနောက် ဒီအ ဖြစ်အပျက်စာ တစ်ကြိမ်သာဖြစ်ခဲ့တာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးပစ္စတိုးရီးယပ်စ်က ပြောပါတယ်။

 

“ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးစနစ်တွေကို အထိခိုက်မခံရပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

ဂျာမန်လေတပ်ဦးစီးချုပ်အပါအဝင် ဂျာမန်ထိပ်တန်းအရာရှိတွေပြောဆိုထားတဲ့ ၃၈ မိနစ်ကြာ ဖုန်းလိုင်းပြောဆိုမှု ကို ရုရှားအစိုးရပိုင်မီဒီယာဖြစ်တဲ့ Russia Today က သောကြာနေ့ (မတ်လ ၁ ရက်နေ့) က ထုတ်လွှင့်ခဲ့ပါ တယ်။

 

အဲဒီအသံဖိုင်ထဲမှာ ပစ္စတိုးရီးယပ်စ်နဲ့ တွေ့ဆုံဖို့အတွက် ကြိုတင်ပြင်ဆင်မှုအစိတ်အပိုင်းတစ်ရပ်အဖြစ် ယူကရိန်း ကို တားရပ်စ်ဒုံးကျည်တွေ ပေးပို့သွားနိုင်ဖွယ်ရှိတဲ့ကိစ္စတွေကို ဆွေးနွေးထားတာပါဝင်တယ်လို့ ဆိုပါတယ်။

 

အဲဒီတားရပ်စ်ဒုံးကျည်တွေ ပေးပို့မယ့်ကိစ္စကို ဂျာမန်အဓိပတိအိုလက်ရှိုးက ဆန့်ကျင်တဲ့အတွက် ဒီဆွေးနွေးမှု ဟာ ၎င်းအစိုးရရဲ့ညွှွန့်ပေါင်းစုစည်းမှုကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

 

ဆွေးနွေးတဲ့အထဲမှာပါဝင်တဲ့ ဗိုလ်မှူးချုပ်ဖရန့်ဂရေ့ဖ်က စင်္ကာပူနိုင်ငံလေကြောင်းပြပွဲတက်ရောက်နေစဉ်အ တွင်း ၎င်းတည်းခိုတဲ့ ဟိုတယ်ခန်းထဲကနေ WebEx အပလီကေးရှင်းနဲ့ ဖုန်းခေါ်ဆိုခဲ့တာဖြစ်ပါတယ်။

 

အမေရိကန်အခြေစိုက် Cisco Systems က ဆောင်ရွက်နေတဲ့ WebEx ဆက်သွယ်ရေးပရိုဂရမ်ဟာ လုံခြုံရေး စနစ်အတွက် အထူးလျှို့ဝှက်ကုတ်နဲ့ ကာကွယ်ထားတဲ့ ဆက်သွယ်ရေးစနစ်ဖြစ်ပါတယ်။

 

ဒါပေမဲ့ အဲဒီစနစ်နဲ့ ဖုန်းသုံးစွဲသူဟာ အခုလို စင်္ကာနိုင်ငံဟိုတယ်တစ်ခုကနေ အပလီကေးရှင်းကို အသုံးမပြုဘဲ မြေပြင်လိုင်းတစ်ခုခုကနေ ဆက်သွယ်အသုံးပြုလာတယ်ဆိုရင် လျှို့ဝှက်ကုတ်နဲ့ ကာကွယ်ထားတဲ့စနစ်ဟာ အာမခံချက်မရှိတော့ဘူးလို့ဆိုပါတယ်။

 

ပြီးခဲ့တဲ့ စနေ/တနင်္ဂနွေရက်တွေအတွင်းမှာပဲ အဲဒီအသံဖိုင် မှန်ကန်ကြောင်း ဂျာမန်အစိုးရက အတည်ပြုပြော ကြားခဲ့ပါတယ်။ မော်စကိုအစိုးရက ထုတ်လွှင့်ခဲ့တဲ့အသံဖိုင်ဟာ အတုလုပ်ထားတာမဟုတ်ပေမဲ့လည်း ရုရှားအစိုးရက နှစ်မျိုးစပ် လုပ်ကြံသတင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပစ္စတိုးရီးယပ်စ်က တနင်္ဂနွေနေ့က ပြောပါတယ်။

 

ဂျာမန်စစ်ဘက်ဆိုင်ရာလုံခြုံရေးအစီအစဉ်တွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေအထုတ်ခံနေရတဲ့ကြားက “ဒီ သ တင်းပေါက်ကြားမှုအဖြစ်အပျက်ဟာ သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်လာအောင် သွေးထိုးပေးဖို့ ရုရှားအစိုးရရဲ့ ကြိုပမ်းမှုတစ်ရပ်ဖြစ်ကြောင်း အိမ်ဖြူတော်အမျိုးသားလုံခြုံရေးပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက အခုသီတင်းပတ် အတွင်းမှာ ပြောကြားခဲ့ပါတယ်။

 

အသံဖိုင်ထဲက ပြောဆိုဆွေးနွေးမှုထဲမှာ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံက ယူကရိန်းကို ခရုစ်ဒုံးကျည်တွေ ဘယ်လိုပို့ ဆောင်ပေးခဲ့တယ်ဆိုတာတွေလည်း ဗိုလ်မှူးချုပ်ဖရန့်ဂရေ့ဖ်က ပြောဆိုထားတဲ့အတွက် ဗြိတိန်နိုင်ငံကလည်း အဲဒီသတင်းပေါက်ကြားမှုကို စိုးရိမ်နေပါတယ်။

 

Ref: Berlin blames Taurus call leak on officer logging in via insecure Singapore hotel line

 

#PeopleMedia


Share this post