• Follow Us on

Home စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး အသတ်ခံရ

Share this post

မုံရွာ၊ နိုဝင်ဘာ ၂၂ (People Media)

 

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် စစ်ကိုင်းဒေသကြီး၊ မုံရွာမြို့၌ အမျိုးသားလွှတ်တော်ကိုယ်စားပြု တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်သန်းသည် နိုဝင်ဘာ ၂၁ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခြင်းခံရကြောင်း သိရပါတယ်။

 

“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ ဈေးသွားဝယ်ပြီးတော့ အပြန်မှာ ဖြစ်တာပါ။ ဆေးရုံကို တင်ဖို့လုပ်တဲ့ အချိန်မှာပဲ သေဆုံးသွားပါတယ်” ဒေသခံတစ်ဦးက အတည်ပြုပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် လုံခြုံရေးတပ်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံရေးပါတီ ဝင်များနှင့် အရပ်သားပြည်သူများကို မကြာခဏလုပ်ကြံသတ်ဖြတ်ခြင်းခံနေရသည်။

 

#PeopleMedia #မုံရွာ #လွှတ်တော်ကိုယ်စားလှယ်

 

(unicode)


……………………………………………………..

 


 


 


 


 



Share this post