စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်များ၏ ယာဉ်တန်းဖြတ်သန်းချိန် မိုင်းပေါက်ကွဲမှု ဖြစ်ပွား
PUBLISHED - September 13, 2021
နေပြည်တော်၊ စက်တင်ဘာ ၁၃ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ကျော်အပါအဝင် အစိုးရအဖွဲ့ ယာဉ်တန်းဖြတ်သွားချိန်၌ မိုင်းပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်။
ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ လိုက်ပါလာသည့် ယာဉ်တန်း သည် ဘုတလင်မြို့နယ်၊ မန္တလေး-မုံရွာ-ဘုတလင်-ရေဦးသို့သွားသည့် ကားလမ်း မိုင်တိုင်အမှတ် ၉၇/၆ နှင့် ၇ အကြားအရောက်၌ မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“ယာဉ်တန်းက ထိခိုက်မှုမရှိပါဘူး။ ကားလမ်းနဲ့ နည်းနည်းကွာပါတယ်။ မိုင်းအခွဲခံရတာက ဝန်ကြီးချုပ်လမ်း ကြောင်းတောင် မိုင်းကွဲတယ်ဆိုရင် စစ်ကိုင်းတိုင်းလုံခြုံရေးက မေးစရာဖြစ်လာတာပေါ့” လို့ ဘုတလင်မြို့နယ် လုပ်ငန်းရှင်တစ်ဦးက People Media သို့ ပြောဆိုသည်။
အဆိုပါပေါက်ကွဲမှုကြောင့် ဝန်ကြီးချုပ်၏ ယာဉ်တန်းသည် ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် ဖြစ်ပွားသည့်နေရာ၌ မပေါက်ကွဲသေးသည့် ရှော့တိုက်မိုင်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
#PeopleMedia
(unicode)
………………………………………………………………….
#PeopleMedia