• Follow Us on
Latest News

Home စစ်ကိုင်းမြို့၌ စိတ်ရောဂါရှိသည့် အမျိုးသားတစ်ဦးသည် မိမိ၏ နေအိမ်ကို မီးရိူ့

စစ်ကိုင်းမြို့၌ စိတ်ရောဂါရှိသည့် အမျိုးသားတစ်ဦးသည် မိမိ၏ နေအိမ်ကို မီးရိူ့

Share this post

စစ်ကိုင်း၊ နိုဝင်ဘာ ၂၉ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်၊ နယ်မြေ (၄)တွင် စိတ်ဝေဒနာခံစားနေရသည့် အမျိုးသား တစ်ဦးသည် မိမိ၏ နေအိမ်ကို မီးရိူ့ခဲ့ကြောင်း သိရပါတယ်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် ၉ နာရီခန့်က အဆိုပါ အမျိုးသားသည် မိသားစုဝင်များမရှိချိန် နေအိမ်ကို မီးရှို့လိုက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

“မောင်နှမသုံးယောက်ရှိကြတယ်။ သူက စိတ်ကျန်းမာရေးခံစားနေရတာ။ စိတ်ဖောက်ပြန်ပြီး သောင်းကျန်းတော့ မောင်နှမတွေက မနေရဲတော့ဘူး။ နေအိမ်အပေါ်ထပ်တစ်ခုလုံးတော့ မီးလောင်သွားတယ်။ သူ့ဆံပင်ရော မီး လောင်တယ်။ ပြီးတော့ လက်တွေ၊ ကျောကုန်းတွေ မီးဟက်တာတွေ ဒဏ်ရာအနည်းငယ်ရသွားတယ်” လူမှုကူ ညီရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဆိုပါ နေအိမ်ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့ရာ နံနက် ၁၀ နာရီ အချိန်၌ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

 

Photo – Credit

 

#PeopleMedia #စစ်ကိုင်းမြို့

 

(unicode)


………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post