စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ တိုးဂိတ်အနီး၌ ပြင်းအားမြင့် မိုင်းတွေ့ရှိ၍ တာဝန်ရှိသူများ ရှင်းလင်း

PUBLISHED - November 19, 2021
မုံရွာ၊ နိုဝင်ဘာ ၁၉ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ မြင်းမူတိုးဂတ်အနီး၌ ယနေ့နံနက် ၈ နာရီ အချိန်က ပြင်းအားမြင့် လက်လုပ်မိုင်းတွေ့ရှိ၍ တာဝန်ရှိသူများက ရှင်းလင်းခဲ့ကြောင်း ဒေသခံတစ်ဦးက People Media ကို ပြော ပါတယ်။
“မုံရွာ-မန္တလေး လမ်းမပေါ်က မြင်းမူတိုးဂိတ်မှာ ယနေ့ နံနက် ၈ နာရီက မိုင်းတွေ့ရှိလို့ တာဝန်ရှိသူတွေ ရှင်း လင်းသွားခဲ့ပါတယ်။ လက်လုပ်မိုင်းက ပြင်းအားမြင့်မိုင်းလို့ သိရပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ နေရာသို့ လာရောက် မိုင်းထောင်သူများကို CCTV မှတ်တမ်းအရ စစ်ဆေးနေကြောင်း သိရပါတယ်။
#PeopleMedia #မြင်းမူမြို့ #မြင်းမူတိုးဂိတ်
(unicode)
……………………………………………………