စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ရွှေဘုံသာကျေးရွာရှိ PDF စခန်း ရှင်းလင်းခံရပြီး ယာဉ်တစ်စီး၊ လက်လုပ်သေနတ်များ၊ လက်လုပ်စိန်ပြောင်းများ၊ ဖောက်ခွဲရေးသုံးပစ္စည်များအပါအဝင် ဆန် (၉) အိတ် သိမ်းဆည်းခြင်းခံရ

PUBLISHED - January 20, 2022
စစ်ကိုင်း၊ ဇန်နဝါရီ ၂၀ (People Media)
ယနေ့ နံနက် (၁၁း၃၀) အချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ရွှေဘုံသာကျေးရွာရှိ PDF စခန်း ရှင်းလင်းခံရပြီး ယာဉ်တစ်စီး၊ လက်လုပ်သေနတ်များ၊ လက်လုပ်စိန်ပြောင်းများ၊ ဖောက်ခွဲရေးသုံးပစ္စည်များ အပါအဝင် ဆန် (၉) အိတ် သိမ်းဆည်းခြင်းခံခဲ့ရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် (၁၁း၃၀) အချိန်က မြောင်မြို့နယ်၊ ရွှေဘုံသာကျေးရွာအနီး၌ ဒေသခံ PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပေါ်ပြီးနောက် PDF စခန်း ရှင်းလင်းခံခဲ့ရခြင်းဖြစ်သည်။
PDF စခန်းအတွင်းမှ လက်လုပ်သေနတ်အရှည် (၂၀) လက်၊ လက်လုပ်သေနတ်အတို (၄) လက်၊ လက်လုပ်စိန် ပြောင်း(၄)လက်၊ ပြုလုပ်ဆဲလက်လုပ်သစ်သားဒင်(၄၄)ချောင်း၊ ပြုလုပ်ဆဲလက်လုပ်သံထည်(၈)ချောင်း၊ တစ် လုံးထိုးလက်လုပ်ကျည်(၅၀)တောင့်၊ လက်လုပ်ထိုးလက်လုပ်ကျည်ပြုလုပ်ဆဲ(၁၅၀)တောင့်၊ ပလက်စတစ် လက်လုပ်မိုင်း(၂၀)လုံး၊ လက်လုပ်လက်ပစ်ဗုံး(၂)လုံး၊ ပြုလုပ်ဆဲလက်လုပ်ဒုံးသီး(၁)လုံး သံကိုယ်ထည်လက် လုပ်မိုင်း(၅)လုံး၊ သံစလစ်အိုးခွံ(၁၀)လုံး၊ ယမ်း(၂၅)ပိဿာခန့်၊ ကန့်(၃၀)ပိဿာခန့်၊ စပရိန်ချောင်း(၁၁)ချောင်း၊ သံဖြတ်စက်(အကြီး)(၂)ခု၊ သံဖြတ်စက်(အသေး)(၇)ခု၊ လွန်ဖောက်စက်(အသေး) (၁)ခု၊ လွန်ဖောက်စက် (အကြီး)(၁)ခု၊ ရေပေါ်ထိုးစက်(၁)ခု၊ မီးကြိုးခွေ(၁၀၀)ကိုက်ပါ(၁)ခွေ၊ သေနတ်ပြုလုပ်သည့်သံစင်(၁)ခု၊ Super Custom နံပါတ်မပါ(ခဲရောင်)(၁)စီး၊ ဆန်အိတ် (၉) အိတ်တို့ကို တာဝန်ရှိသူများက သိမ်းဆည်းနိုင်ခဲ့သည်။
#PeopleMedia #စစ်ကိုင်း #မြောင်PDF
(unicode)
…………………………………………………………