စစ်ဆန့်ကျင်ရေး လှုပ်ရှားခဲ့သည့် ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ကိုဘုန်းမြင့်ကျော် ဖမ်းဆီးခံရ

PUBLISHED - January 5, 2021
ရန်ကုန်၊ ဇန်နဝါရီ – ၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
မန္တလေးမြို့၌ စစ်ဆန့်ကျင်ရေးလှုပ်ရှားခဲ့သည့် ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ကိုဘုန်းမြင့် ကျော်ကို မန္တလေးမြို့ အောင်မြင်သာစံရဲစခန်းက ယနေ့နေ့လည်ပိုင်းက ဖမ်းဆီးခဲ့ပါတယ်။
ကိုဘုန်းမြင့်ကျော်သည် ၂၀၂၀ ခုနှစ် စက်တင်ဘာလ၌ မန္တလေးမြို့၌ စစ်ဆန့်ကျင်ရေးကို ဦးဆောင်လှုပ်ရှားခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် ကိုဘုန်းမြင့်ကျော်ကို ၅၀၅(က)၊ ၅၀၅(ခ)၊ ပုဒ်မ(၁၈)တို့ဖြင့် တရားစွဲဆိုခြင်း ခံထားရ သည်။
Photo – ဗကသများအဖွဲ့ချုပ်
#PeopleMedia #ဗကသ
(unicode)
…………………………………………………..