စစ္တပ္ကဖမ္းဆီးၿပီးေနာက္ မာလီသမၼတႏုတ္ထြက္ၿပီး လႊတ္ေတာ္ဖ် က္သိမ္း

PUBLISHED - August 19, 2020
ဘာမာကို၊ ၾသဂုတ္ ၁၉
အဂၤါေန႔တြင္ စစ္သားမ်ားက ထိန္းသိမ္းခဲ့ၿပီးေနာက္ မာလီသမၼတ အီဘရာဟင္ ဘူဘာကာ ကီတာ ႏုတ္ထြက္ခဲ့သည္ဟု အစိုးရပိုင္႐ုပ္သံေဖာ္ျပသည္။ အစိုးရအဖြဲ႔ႏွင့္လႊတ္ေတာ္ကိုဖ်က္သိမ္းေၾကာင္းလည္း ႐ုပ္သံမိန္႔ခြန္းတြင္ မစၥတာ ကီတာက ေျပာသည္။
“ကၽြန္ေတာ္အာဏာဆက္ရေနဖို႔ ေသြးမစြန္းေစခ်င္ပါဘူး” ဟုလည္း သူကေျပာသည္။
၀န္ႀကီးခ်ဳပ္ ဘူဘူး ဆစ္စီကို ၿမိဳ႕ေတာ္ဘာမာကိုအနီး႐ွိစစ္စခန္းတစ္ခုသို႔ေခၚေဆာင္သြားၿပီး ေဒသတြင္းအင္အားႀကီးႏိုင္ငံမ်ားႏွင့္ ျပင္သစ္ႏိုင္ငံတို႔က ထိုလုပ္ရပ္ကို႐ွဳတ္ခ်ၿပီးနာရီပိုင္းအၾကာတြင္ သမၼတက ယခုကဲ့သို႔ေၾကညာျခင္းျဖစ္သည္။
အေစာပိုင္းက တပ္တြင္းပုန္ကန္ခဲ့သည့္စစ္သားမ်ားက ကာတီစစ္စခန္းကို ထိန္းခ်ဳပ္ခဲ့သည္။
လစာေပးမႈ၊ အစၥလာမ္မစ္အစြန္းေရာက္မ်ားႏွင့္ပဋိပကၡဆက္လက္ျဖစ္ေနမႈသာမက သမၼတေဟာင္းကိုမေက်န ပ္မႈမ်ားေၾကာင့္ တပ္ဖြဲ႔၀င္မ်ားၾကားေဒါသျပင္းထန္ေနသည္။
၂၀၁၈ ခုႏွစ္တြင္ မစၥတာ ကီတာ ဒုတိယသက္တမ္းအတြက္ ျပန္ေ႐ြးခ်ယ္ခံခဲ့ရေသာ္လည္း အက်င့္ပ်က္ျခစားမႈ၊ စီးပြားေရးအလြဲစီမံခန္႔ခြဲမႈႏွင့္ ႏိုင္ငံေနရာမ်ားတြင္ လူမႈအသိုက္အ၀န္းဆိုင္ရာအၾကမ္းဖက္မႈမ်ားေၾကာင့္ ေဒါသထြက္ေနသူမ်ားေနသည္။
ထို႔ေၾကာင့္ မၾကာေသးမီလမ်ားအတြင္း အႀကီးအက်ယ္ဆႏၵျပမႈအမ်ားအျပားအစပ်ိဳးခဲ့သည္။
Ref : Mali’s president resigns and dissolves parliament
#PeopleMedia #International
(unicode)
စစ်တပ်ကဖမ်းဆီးပြီးနောက် မာလီသမ္မတနုတ်ထွက်ပြီး လွှတ်တော်ဖျ က်သိမ်း
……………………………………………
ဘာမာကို၊ ဩဂုတ် ၁၉
အင်္ဂါနေ့တွင် စစ်သားများက ထိန်းသိမ်းခဲ့ပြီးနောက် မာလီသမ္မတ အီဘရာဟင် ဘူဘာကာ ကီတာ နုတ်ထွက်ခဲ့သည်ဟု အစိုးရပိုင်ရုပ်သံဖော်ပြသည်။ အစိုးရအဖွဲ့နှင့်လွှတ်တော်ကိုဖျက်သိမ်းကြောင်းလည်း ရုပ်သံမိန့်ခွန်းတွင် မစ္စတာ ကီတာက ပြောသည်။
“ကျွန်တော်အာဏာဆက်ရနေဖို့ သွေးမစွန်းစေချင်ပါဘူး” ဟုလည်း သူကပြောသည်။
ဝန်ကြီးချုပ် ဘူဘူး ဆစ်စီကို မြို့တော်ဘာမာကိုအနီးရှိစစ်စခန်းတစ်ခုသို့ခေါ်ဆောင်သွားပြီး ဒေသတွင်းအင်အားကြီးနိုင်ငံများနှင့် ပြင်သစ်နိုင်ငံတို့က ထိုလုပ်ရပ်ကိုရှုတ်ချပြီးနာရီပိုင်းအကြာတွင် သမ္မတက ယခုကဲ့သို့ကြေညာခြင်းဖြစ်သည်။
အစောပိုင်းက တပ်တွင်းပုန်ကန်ခဲ့သည့်စစ်သားများက ကာတီစစ်စခန်းကို ထိန်းချုပ်ခဲ့သည်။
လစာပေးမှု၊ အစ္စလာမ်မစ်အစွန်းရောက်များနှင့်ပဋိပက္ခဆက်လက်ဖြစ်နေမှုသာမက သမ္မတဟောင်းကိုမကျေန ပ်မှုများကြောင့် တပ်ဖွဲ့ဝင်များကြားဒေါသပြင်းထန်နေသည်။
၂၀၁၈ ခုနှစ်တွင် မစ္စတာ ကီတာ ဒုတိယသက်တမ်းအတွက် ပြန်ရွေးချယ်ခံခဲ့ရသော်လည်း အကျင့်ပျက်ခြစားမှု၊ စီးပွားရေးအလွဲစီမံခန့်ခွဲမှုနှင့် နိုင်ငံနေရာများတွင် လူမှုအသိုက်အဝန်းဆိုင်ရာအကြမ်းဖက်မှုများကြောင့် ဒေါသထွက်နေသူများနေသည်။
ထို့ကြောင့် မကြာသေးမီလများအတွင်း အကြီးအကျယ်ဆန္ဒပြမှုအများအပြားအစပျိုးခဲ့သည်။
Ref : Mali’s president resigns and dissolves parliament
#PeopleMedia #International