စစ္တပ္ကမၻာ႕အားကစားပြဲေတာ္က အိမ္ရွင္တရုတ္အသင္း ထုတ္ပယ္ခံရ

PUBLISHED - October 26, 2019
တရုတ္ႏုိင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပေနတဲ့ စစ္တပ္ကမၻာ့အားကစားပြဲေတာ္ (Military World Games) က တ႐ုတ္အသင္းထုတ္ပယ္ခံရတယ္လို႔ CNN သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ ၿပိဳင္ပြဲ၀င္ႏုိင္ငံေတြျဖစ္ၾကတဲ့ ရုရွား၊ ျပင္သစ္အပါအ၀င္ ဥေရာပ ၆ ႏိုင္ငံက တိုင္တန္းခဲ့တာေၾကာင့္ အေရွ႕တိုင္းႏုိင္ငံတကာအားကစားအဖြဲ႕ ခ်ဳပ္(IOF) အိမ္ရွင္ တ႐ုတ္အသင္းကို ၿပိဳင္ပြဲ၀င္ အရည္အခ်င္းမမီေၾကာင္းထုတ္ျပန္ခဲ့ပါတယ္။
ဒါ့အျပင္ တ႐ုတ္အသင္းအေပၚ ျပင္းျပင္းထန္ထန္အေရးယူသြားဖို႔ရွိေနၿပီး ၿပိဳင္ပြဲ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ကာလ ယွဥ္ပိတ္ပင္ခံရဖို႔လည္းရွိေနပါတယ္။ တ႐ုတ္အေျပးသမားေတြဟာ ၿပိဳင္ပြဲမွာ ေဒသခံပရိသတ္ေတြရဲ႕ အကူ အညီရယူခဲ့ၿပီး မသမာတဲ့နည္းနဲ႔ ယွဥ္ၿပိဳင္ခဲ့တယ္လို႔ ဒိုင္လူႀကီးေတြက စစ္ေဆးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။
စစ္တပ္ ကမၻာ့အားကစားပြဲေတာ္ကို ၁၉၉၅ ခုႏွစ္က စတင္ၿပီး ေလးႏွစ္တစ္ႀကိမ္က်င္းပခဲ့တာျဖစ္ပါတယ္။ တ႐ုတ္ႏုိင္ငံဟာ ပထမဦးဆံုးအႀကိမ္ အိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့တာျဖစ္ၿပီး ႏိုင္ငံေပါင္း ၁၀၉ ႏုိင္ငံက အားကစားသမား ၉၀၀၀ ေက်ာ္ပါ၀င္ယွဥ္ျပိဳင္ခဲ့ၾကပါတယ္။
Ref ;CNN
(unicode)
စစ်တပ်ကမ္ဘာ့အားကစားပွဲတော်က အိမ်ရှင်တရုတ်အသင်း ထုတ်ပယ်ခံရ
———————————————————————-
တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ စစ်တပ်ကမ္ဘာ့အားကစားပွဲတော် (Military World Games) က တရုတ်အသင်းထုတ်ပယ်ခံရတယ်လို့ CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ပြိုင်ပွဲဝင်နိုင်ငံတွေဖြစ်ကြတဲ့ ရုရှား၊ ပြင်သစ်အပါအဝင် ဥရောပ ၆ နိုင်ငံက တိုင်တန်းခဲ့တာကြောင့် အရှေ့တိုင်းနိုင်ငံတကာအားကစားအဖွဲ့ ချုပ်(IOF) အိမ်ရှင် တရုတ်အသင်းကို ပြိုင်ပွဲဝင် အရည်အချင်းမမီကြောင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် တရုတ်အသင်းအပေါ် ပြင်းပြင်းထန်ထန်အရေးယူသွားဖို့ရှိနေပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ကာလ ယှဉ်ပိတ်ပင်ခံရဖို့လည်းရှိနေပါတယ်။ တရုတ်အပြေးသမားတွေဟာ ပြိုင်ပွဲမှာ ဒေသခံပရိသတ်တွေရဲ့ အကူ အညီရယူခဲ့ပြီး မသမာတဲ့နည်းနဲ့ ယှဉ်ပြိုင်ခဲ့တယ်လို့ ဒိုင်လူကြီးတွေက စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
စစ်တပ် ကမ္ဘာ့အားကစားပွဲတော်ကို ၁၉၉၅ ခုနှစ်က စတင်ပြီး လေးနှစ်တစ်ကြိမ်ကျင်းပခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ပထမဦးဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၁၀၉ နိုင်ငံက အားကစားသမား ၉၀၀၀ ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
Ref ;CNN