စစ္သားမ်ားကို ဒစ္ဂ်စ္တယ္ေငြေၾကးျဖင့္ ဆုခ်ီးျမွင့္ရန္ တ႐ုတ္စီစဥ္
PUBLISHED - November 16, 2019
တ႐ုတ္ႏို္င္ငံမွာ ထူးခၽြန္တဲ့ စစ္သားေတြကို ဒစ္ဂ်စ္တယ္ေငြေၾကး (cryptocurrency) ခ်ီးျမွင့္ဖို႔ ေဆြးေႏြးမႈေတြ ရွိေနပါတယ္။
တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးစစ္တပ္(PLA)ရဲ႕ ေန႔စဥ္ထုတ္သတင္းစာမွာ ေဖာ္ျပခ်က္အရ ကနဦးသင္တန္း ကာလမွာ အမွတ္မ်ားမ်ားရတဲ့ စစ္သားေတြကို blockchain စနစ္ အေျခစိုက္တံုကင္ကို ဆုေၾကးအေနနဲ႔ ရရွိ လိမ့္မယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ေပးအပ္တဲ့ တာ၀န္ကို ေက်ပြန္ေအာင္ ထမ္းေဆာင္တဲ့ စစ္သားေတြ ကိုလည္း ဒစ္ဂ်စ္တယ္ေငြေၾကးကို ဆုေငြအျဖစ္ေပးအပ္သြားဖို႔ရွိတယ္လို႔ ေျပာပါတယ္။
တ႐ုတ္ႏုိင္ငံမွာ လြန္ခဲ့တဲ့လအတြင္း blockchain ဒစ္ဂ်စ္တယ္ေငြေၾကးစနစ္အေပၚ လူစိတ္၀င္စားမႈ မ်ားျပား လာခဲ့ၿပီးေနာက္မွာ တ႐ုတ္စစ္တပ္က အခုလို ေဖာ္ျပလာတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလက တ႐ုတ္သမၼတ ရွီက်င့္ပင္ကလည္း blockchain နည္းပညာဟာ တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရးကို အရွိန္အဟုန္ ျမွင့္တင္ႏုိင္စြမ္းရွိတယ္လို႔ ေျပာၾကားထားပါတယ္။
Blockchain ကို ဒစ္ဂ်စ္တယ္ေငြေၾကးလည္ပတ္ဖို႔အတြက္ ၂၀၀၈ ခုႏွစ္မွာ Satoshi Nakamoto အမည္ရွိသူက တီထြင္ခဲ့တာျဖစ္ပါတယ္။
Ref; https://www.fxstreet.com/
#PeopleMedia #International
(Unicode)
စစ်သားများကို ဒစ်ဂျစ်တယ်ငွေကြေးဖြင့် ဆုချီးမြှင့်ရန် တရုတ်စီစဉ်
……………………………………………………………
တရုတ်နို်င်ငံမှာ ထူးချွန်တဲ့ စစ်သားတွေကို ဒစ်ဂျစ်တယ်ငွေကြေး (cryptocurrency) ချီးမြှင့်ဖို့ ဆွေးနွေးမှုတွေ ရှိနေပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်တပ်(PLA)ရဲ့ နေ့စဉ်ထုတ်သတင်းစာမှာ ဖော်ပြချက်အရ ကနဦးသင်တန်း ကာလမှာ အမှတ်များများရတဲ့ စစ်သားတွေကို blockchain စနစ် အခြေစိုက်တုံကင်ကို ဆုကြေးအနေနဲ့ ရရှိ လိမ့်မယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တဲ့ စစ်သားတွေ ကိုလည်း ဒစ်ဂျစ်တယ်ငွေကြေးကို ဆုငွေအဖြစ်ပေးအပ်သွားဖို့ရှိတယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့လအတွင်း blockchain ဒစ်ဂျစ်တယ်ငွေကြေးစနစ်အပေါ် လူစိတ်ဝင်စားမှု များပြား လာခဲ့ပြီးနောက်မှာ တရုတ်စစ်တပ်က အခုလို ဖော်ပြလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက တရုတ်သမ္မတ ရှီကျင့်ပင်ကလည်း blockchain နည်းပညာဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးကို အရှိန်အဟုန် မြှင့်တင်နိုင်စွမ်းရှိတယ်လို့ ပြောကြားထားပါတယ်။
Blockchain ကို ဒစ်ဂျစ်တယ်ငွေကြေးလည်ပတ်ဖို့အတွက် ၂၀၀၈ ခုနှစ်မှာ Satoshi Nakamoto အမည်ရှိသူက တီထွင်ခဲ့တာဖြစ်ပါတယ်။
Ref; https://www.fxstreet.com/
#PeopleMedia #International