စစ္သား ၇၀ အတြက္ ျပည့္တန္ဆာ တစ္ေယာက္ႏႈန္း ဂ်ပန္စစ္တပ္ ေတာင္းဆိုခဲ့

PUBLISHED - December 7, 2019
စစ္ပြဲကာလမွာ ဂ်ပန္စစ္တပ္က အစိုးရကို စစ္သား ၇၀ အတြက္ ျပည့္တန္ဆာတစ္ေယာက္ႏႈန္း ေထာက္ပံ့ေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔ Kyodo သတင္းဌာနက ေဖာ္ျပလိုက္ပါတယ္။
ဒါဟာ ဂ်ပန္အစိုးရအေနနဲ႔ အမ်ိဳးသမီးလိင္ကၽြန္ကိစၥရပ္မွာ ပါ၀င္ပတ္သက္မႈရွိေနတယ္ဆိုတာကို ထင္ရွားေစခဲ့ပါ တယ္။
ပထမနဲ႔ ဒုတိယစစ္ပြဲကာလေတြမွာ အမ်ိဳးသမီးေတြဟာ ဂ်ပန္စစ္တပ္ရဲ႕ ျပည့္တန္ဆာခန္းေတြမွာ အဓမၼအလုပ္ လုပ္ခဲ့ရၿပီး အမ်ားစုကေတာ့ ကိုရီးယားသူေတြျဖစ္ပါတယ္။
စစ္ပြဲကာလဂ်ပန္အစိုးရရဲ႕ အခ်က္အလက္ေတြကို ျပန္လည္စိစစ္ခဲ့ရာမွာေတာ့ ဂ်ပန္စစ္တပ္အတြက္ ျပည့္တန္ ဆာေထာက္ပံ့ေပးရတဲ့ ပမာဏပါေပၚထြက္လာခဲ့ပါတယ္။
အခုျပႆနာဟာ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားႏွစ္ႏုိင္ငံရဲ႕ ဆက္ဆံေရးကို ဆယ္စုႏွစ္မ်ားစြာ ထိခိုက္မႈရွိခဲ့ပါတယ္။
Ref; CAN
(Unicode)
စစ်သား ၇၀ အတွက် ပြည့်တန်ဆာ တစ်ယောက်နှုန်း ဂျပန်စစ်တပ် တောင်းဆိုခဲ့
…………………………………………………………
စစ်ပွဲကာလမှာ ဂျပန်စစ်တပ်က အစိုးရကို စစ်သား ၇၀ အတွက် ပြည့်တန်ဆာတစ်ယောက်နှုန်း ထောက်ပံ့ပေးဖို့ တောင်းဆိုခဲ့တယ်လို့ Kyodo သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
ဒါဟာ ဂျပန်အစိုးရအနေနဲ့ အမျိုးသမီးလိင်ကျွန်ကိစ္စရပ်မှာ ပါဝင်ပတ်သက်မှုရှိနေတယ်ဆိုတာကို ထင်ရှားစေခဲ့ပါ တယ်။
ပထမနဲ့ ဒုတိယစစ်ပွဲကာလတွေမှာ အမျိုးသမီးတွေဟာ ဂျပန်စစ်တပ်ရဲ့ ပြည့်တန်ဆာခန်းတွေမှာ အဓမ္မအလုပ် လုပ်ခဲ့ရပြီး အများစုကတော့ ကိုရီးယားသူတွေဖြစ်ပါတယ်။
စစ်ပွဲကာလဂျပန်အစိုးရရဲ့ အချက်အလက်တွေကို ပြန်လည်စိစစ်ခဲ့ရာမှာတော့ ဂျပန်စစ်တပ်အတွက် ပြည့်တန် ဆာထောက်ပံ့ပေးရတဲ့ ပမာဏပါပေါ်ထွက်လာခဲ့ပါတယ်။
အခုပြဿနာဟာ ဂျပန်နဲ့ တောင်ကိုရီးယားနှစ်နိုင်ငံရဲ့ ဆက်ဆံရေးကို ဆယ်စုနှစ်များစွာ ထိခိုက်မှုရှိခဲ့ပါတယ်။
Ref; CAN
#PeopleMedia #International