• Follow Us on
Latest News

Home စစ်ဦးစီးချုပ်ခန့်အပ်မှုနဲ့ ပတ်သက်၍ သီရိလင်္ကာကုလငြိမ်းချမ်းရေးတပ်ဖွဲ့များကို ကုလရပ်ဆိုင်း

စစ်ဦးစီးချုပ်ခန့်အပ်မှုနဲ့ ပတ်သက်၍ သီရိလင်္ကာကုလငြိမ်းချမ်းရေးတပ်ဖွဲ့များကို ကုလရပ်ဆိုင်း

Share this post

လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ထင်ရှားတဲ့ ဒုဗိုလ် ချုပ်ကြီးတစ်ဦးကို စစ်ဦးစီးချုပ်အဖြစ်ခန့်အပ်လိုက်တဲ့ အတွက် ကုလသမဂ္ဂက သီရိလင်္ကာစစ်တပ် ကုလငြိမ်းချမ်းရေးမစ်ရှင်းတွေမှာ ပါဝင်ခွင့် ရပ်ဆိုင်းလိုက်ပါတယ်။

သီရိလင်္ကာသမ္မတဟာ သြဂုတ်လမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကျော်ကြားတဲ့ ဒုဗိုလ်ချုပ် ရှာဗန်ဒရာ ဆေးလ်ဗားကို စစ်ဦးစီးချုပ်တာဝန်ပေး အပ်လိုက်တဲ့အပေါ်မှာ အမေရိကန်နဲ့ကုလသမဂ္ဂတို့က ဝေဖန်ခဲ့ကြပါတယ်။

ဆေးလ်ဗားဟာ တမီးလ်ကျားသူပုန်တွေနဲ့ ၂၆ နှစ်ကြာ ပြည်တွင်းစစ်အတွင်း အရပ်သားနဲ့ သူပုန်တွေကို ဖိနှိပ်ညှင်းပန်းနှိပ်စက်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲခံ ထားရပြီး ၄င်းကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

Ref;Reuters


Share this post