စစ်တောင်းမြစ်၊ သံလွင်မြစ်နှင့် သောင်ရင်းမြစ်တို့သည် စိုးရိမ်ရေအမှတ်ကိုရောက်ရှိနေ

PUBLISHED - July 29, 2021
ရန်ကုန်၊ ဇူလိုင် ၂၉ (People Media)
မြန်မာနိုင်ငံအတွင်းရှိ စစ်တောင်းမြစ်၊ သံလွင်မြစ်နှင့် သောင်ရင်းမြစ်တို့စိုးရိမ်ရေမှတ်၌ ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ယနေ့ ထုတ်ပြန်ထားသည်။
စစ်တောင်းမြစ် စိုးရိမ်ရေမှတ်မှာလည်း ယနေ့မြန်မာစံတော်ချိန် (၁၁) နာရီခွဲ အချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၅) လက်မခန့်ကျော်လွန် ရောက်ရှိနေပါသည်။
အဆိုပါမြစ်ရေသည် နောက် (၁) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်း နိုင်ပါသည်။
သောင်ရင်းမြစ် စိုးရိမ်ရေမှတ်မှာလည်း ယနေ့မြန်မာစံတော်ချိန် (၁၁)နာရီခွဲအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၇) ပေခန့် ကျော်လွန် ရောက်ရှိနေပါသည်။
အဆိုပါမြစ်ရေသည် နောက် (၃) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင် ကြောင်း သိရသည်။
သံလွင်မြစ်စိုးရိမ်ရေမှတ်မှာလည်း ယနေ့မြန်မာစံတော်ချိန် (၁၁) နာရီခွဲအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေ သည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပါသည်။
အဆိုပါမြစ်ရေသည် နောက် (၁) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေ ထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
#PeopleMedia #မိုးဇလ
(unicode)
…………………………………………………..