
PUBLISHED - August 20, 2020
ရန်ကုန်၊ သြဂုတ်လ ၂၀
ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သြဂုတ်လ (၂၀)ရက်၌ ၎င်း၏ လူမှုကွန်ယက်တွင် အထက်ပါအတိုင်း ရေးသားခဲ့ခြင်းဖြစ်သည်။
(unicode)
စစ်တွေမှ ရန်ကုန်သို့ လာရောက်မည့်သူများ ကွာရန်တင်း ဝင်ရမည်
……………………………………………………
ရန်ကုန်၊ ဩဂုတ်လ ၂၀
စစ်တွေမှ ရန်ကုန်သို့ လာရောက်မည့်သူများသည် ရန်ကုန်မြို့၌ Quarantine ဝင်ရမည်ဖြစ်ကြောင်း ရန်ကုန်တို င်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကပြောကြားလိုက်သည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဩဂုတ်လ (၂၀)ရက်၌ ၎င်း၏ လူမှုကွန်ယက်တွင် အထက်ပါအတိုင်း ရေးသားခဲ့ခြင်းဖြစ်သည်။
“ စစ်တွေမှရန်ကုန်သို့ လာရောက်ကြမည့်သူများ ရန်ကုန်တွင် ကွာရန်တင်းနေရပါမယ်။ SWAB (ဓါတ်ခွဲနမူနာ ရယူခြင်း) ၂ခါယူရပါမယ်။ ဟိုတယ်သို့မဟုတ်သွားလာကန့်သတ်စောင့်ကြည့်ရေးစင်တာ ရွေးချယ်နိုင်ပါတယ်။ အသေးစိတ်ကို ဆက်လက်ဖော်ပြပါမယ်’’ဟု ဦးနိုင်ငံလင်းက ၎င်း၏ လူမှုကွန်ယက်၌ ရေးသားထားသည်။
လက်ရှိအချိန်၌ COVID-19 ဓါတ်ခွဲအတည်ပြုလူနာ ၃၉၆ ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်လာသူ ၃၃၃ ဦး၊ သေ ဆုံးသူ ၆ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
#PeopleMedia #ရန်ကုန်တိုင်းအစိုးရအဖွဲ့