စစ္ေတြျမိဳ႕၊ စက္ရုံစုအုပ္ခ်ုပ္ေရးမွဴး ေန႔အခ်ိန္၌ လူတစ္စုမွ ဝုိင္းဝန္လုပ္ၾကံ၍ ေသဆုံး၊ တရားခံကုိ ရဲတပ္ဖြဲ႕မွ ဖမ္းဆီးႏုိင္ျခင္းမရွိေသးဟု ေဒသခံမ်ားေျပာဆုိ

PUBLISHED - May 25, 2020
ရန္ကုန္၊ ေမ – ၂၅
ရခုိင္ျပည္နယ္၊ စစ္ေတြျမိဳ႕၊ စက္ရုံစုအုပ္ခ်ဳပ္ေရးမႉးသည္ ေန႔အခ်ိန္၌ လူတစ္စုမွ ဝုိင္းဝန္လုပ္ၾကံ၍ ေသဆုံးခဲ့ေသာ္လည္းတရားခံကုိ ရဲတပ္ဖြဲ႕မွ ဖမ္းဆီးႏုိင္ျခင္း မရွိေသးဟု ေဒသခံမ်ားေျပာဆုိပါတယ္။
ျဖစ္စဥ္မွာ ယေန႔ နံနက္(၈)နာရီ အခ်ိန္၌ ေမာလိတ္ရပ္ကြက္ရွိ ကြမ္းယာဆုိင္၌ စက္ရုံစု အုပ္ခ်ဳပ္ေရးမွဴးသည္ ကြမ္းယာဝယ္ယူေနစဥ္ အမည္မသိ လူေလးေယာက္မွ ဆုိင္ကယ္ႏွစ္စီးျဖင့္ ေရာက္ရွိလာျပီး ဓါး၊ သံဆူးမ်ားႏွင့္ လည္ပင္း၊ ဗိုက္မ်ားကုိ ထုိးသြင္းလုပ္ၾကံခဲ့တာလည္းျဖစ္ပါတယ္။
ေဒသအာဏာပုိင္မ်ား ေျပာဆုိခ်က္အရ လုပ္ၾကံသူမ်ား၏ မ်က္ႏွာ၌ မက္(စ္)ႏွင့္မ်က္မွန္မ်ား တပ္ဆင္ထားျပီး အုပ္ခ်ဳပ္ေရးမွဴးကုိ လုပ္ၾကံခဲ့ျခင္းျဖစ္ေၾကာင္း ေျပာဆုိပါတယ္။
စစ္ေတြျမိဳ႕သည္ ရခုိင္ျပည္နယ္၏ ျမိဳ႕ေတာ္တစ္ခုျဖစ္သလုိ ျပည္နယ္ရုံးစုိက္သည့္ ျမိဳ႕တစ္ခုျဖစ္ျပီး အုပ္ခ်ဳပ္ေရးမွဴးေန႔အခ်ိန္၌ လုပ္ၾကံခံရသည့္အေပၚ ေဒသခံမ်ားက အစုိးရအဖြ႔ဲ၏ လုံျခံဳေရးေဆာင္ရြက္ခ်က္သည္ ေမးစရာျဖစ္လာေၾကာင္း ဆုိပါတယ္။
“စစ္ေတြဆုိတာ အစုိးရရုံးစုိက္တာ၊ လုံျခံဳေရးကိစၥက အစုိးရမွာ တာဝန္ရွိတယ္”လုိ႔ စစ္ေတြျမိဳ႕ခံက ေျပာပါတယ္။
(unicode)
စစ်တွေမြို့၊ စက်ရုံစုအုပ်ချုပ်ရေးမှူး နေ့အချိန်၌ လူတစ်စုမှ ဝိုင်းဝန်လုပ်ကြံ၍ သေဆုံး၊ တရားခံကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခြင်းမရှိသေးဟု ဒေသခံများပြောဆို
……………………………………………….
ရန်ကုန်၊ မေ – ၂၅
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုအုပ်ချုပ်ရေးမှူးသည် နေ့အချိန်၌ လူတစ်စုမှ ဝိုင်းဝန်လုပ်ကြံ၍ သေဆုံးခဲ့သော်လည်းတရားခံကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခြင်း မရှိသေးဟု ဒေသခံများပြောဆိုပါတယ်။
ဖြစ်စဉ်မှာ ယနေ့ နံနက်(၈)နာရီ အချိန်၌ မောလိတ်ရပ်ကွက်ရှိ ကွမ်းယာဆိုင်၌ စက်ရုံစု အုပ်ချုပ်ရေးမှူးသည် ကွမ်းယာဝယ်ယူနေစဉ် အမည်မသိ လူလေးယောက်မှ ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ဓါး၊ သံဆူးများနှင့် လည်ပင်း၊ ဗိုက်များကို ထိုးသွင်းလုပ်ကြံခဲ့တာလည်းဖြစ်ပါတယ်။
ဒေသအာဏာပိုင်များ ပြောဆိုချက်အရ လုပ်ကြံသူများ၏ မျက်နှာ၌ မက်(စ်)နှင့်မျက်မှန်များ တပ်ဆင်ထားပြီး အုပ်ချုပ်ရေးမှူးကို လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုပါတယ်။
စစ်တွေမြို့သည် ရခိုင်ပြည်နယ်၏ မြို့တော်တစ်ခုဖြစ်သလို ပြည်နယ်ရုံးစိုက်သည့် မြို့တစ်ခုဖြစ်ပြီး အုပ်ချုပ်ရေးမှူးနေ့အချိန်၌ လုပ်ကြံခံရသည့်အပေါ် ဒေသခံများက အစိုးရအဖွဲ့၏ လုံခြုံရေးဆောင်ရွက်ချက်သည် မေးစရာဖြစ်လာကြောင်း ဆိုပါတယ်။
“စစ်တွေဆိုတာ အစိုးရရုံးစိုက်တာ၊ လုံခြုံရေးကိစ္စက အစိုးရမှာ တာဝန်ရှိတယ်”လို့ စစ်တွေမြို့ခံက ပြောပါတယ်။