စစ်တွေမြို့နယ်၊ အောင်တိုင်ရွာအနီးတွင် မလေးရှားနိုင်ငံသို့ သွားရောက်မည့်အထောက်အထားမဲ့ ဘင်္ဂါလီ (၆၅) ဦး ဖမ်းဆီးရမိ

PUBLISHED - February 19, 2022
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉ (People Media)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အောင်တိုင်ရွာအနီးတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်က မလေးရှားနိုင်ငံသို့ သွားရောက်မည့် အထောက်အထားမဲ့ ဘင်္ဂါလီ (၆၅) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ စစ်တွေမြို့နယ်၊ အောင်တိုင်ရွာအနီးတွင် မလေးရှားနိုင်ငံသို့ သွားရောက်မည့် ဘင်္ဂါလီများရောက်ရှိ နေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးခဲ့ရာ အောင်တိုင်ရွာအနီးရှိ ဦးအောင် စိန်သာ(ဘ)ဦးကျော်စိန်မောင်၊ အသက် ၅၇ နှစ်၊ ရခိုင်/ဗုဒ္ဓ၊ ပိုင်ဆိုင်သည့် လယ်စောင့်တဲအတွင်းမှ အထောက် အထားမဲ့ ဘင်္ဂါလီကျား ၂၆ ဦး၊ မ ၃၉ ဦး၊ စုစုပေါင်း (၆၅) ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိ ဘင်္ဂါလီများ၏ ပြောဆိုချက်အရ ပွဲစားဖြစ်သူမှ ဦးအောင်စိန်သာ၏ တဲမှတစ်ဆင့် စက်လှေဖြင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ပို့ဆောင်ခအဖြစ် ၁ ဦးလျှင် ၁၅ သိန်းကျပ်စီ ပေးရမည်ဟု ညှိနှိုင်း သဘောတူထားကြကြောင်း သိရှိရသဖြင့် ၎င်းဘင်္ဂါလီများအား မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟု သွေး ဆောင်ဖျားယောင်း၍ ငွေကြေးရယူရန်ကြိုးစားခဲ့သည့် ပွဲစားသုံးဦးအား ဥပဒေအရ အရေးယူနိုင်ရန်အတွက် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်အတွင်း ဖမ်းဆီးရမိ ဘင်္ဂါလီ ၆၅ ဦးအား လဝကအက်ဥပဒေအရ အရေးယူနိုင်ရန် ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။
#PeopleMedia
(unicode)
…………………………………………………………………
#PeopleMedia