စစ်တွေမြို့ အနောက်မြောက်ဘက် ပင်လယ်ပြင်၌ စက်လှေတစ်စီးပေါ်တွင် ဘင်္ဂလီ ၂၂၈ ဦး ဖမ်းဆီးရမိ

PUBLISHED - November 30, 2021
ရန်ကုန်၊ နိုဝင်ဘာ ၃၀ (People Media)
နိုဝင်ဘာ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏ အနောက်မြောက်ဘက် ၃၈ မိုင်ခန့်အကွာ ပင်လယ်၌ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် စက်လှေ ၁ စီးပေါ်၌ ဘင်္ဂလီ ၂၂၈ ဦးကို ဖမ်းဆီးရမိခဲ့သည်။
တပ်မတော်(ရေ)မှ လုံခြုံရေးဆောင်ရွက်နေစဉ် ယမန်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် မသင်္ကာဖွယ် စက် လှေ ၁ စီးအား တွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးရာ အလျား ၅၉ ပေ၊ ၁ လက်မ၊ အနံ ၁၄ ပေ ၉ လက်မ၊ ရေစူး ၅ ပေခန့်အရွယ် သစ်သားကိုယ်ထည် ဝဒီထွန်း(၅)အမည်ရှိ စက်လှေ ၁ စီးပေါ်တွင် ဘင်္ဂလီလူမျိုး အမျိုး သား ၇၀ ဦး၊ အမျိုးသမီး ၁၂၅ ဦး၊ ကလေး ၃၃ ဦး၊ စုစုပေါင်း ၂၂၈ ဦးနှင့် လှေလုပ်သား မြန်မာလူမျိုးတရားခံ အမျိုးသား ၅ ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ပင်လယ်ရေပိုင်နက်အတွင်း သဘာဝသယံဇာတများ တရားမဝင် ထုတ်ယူခြင်း၊ မူးယစ်ဆေးဝါးများ၊ တရားမဝင်မှောင်ခိုပစ္စည်းများနှင့် လူများဖြတ်သန်းသယ်ယူပို့ဆောင်ခြင်းများ မပြုလုပ်နိုင်ရေးအတွက် တပ်မ တော်(ရေ)မှ စစ်ရေယာဉ်များဖြင့် နေ့ညမပြတ် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
#PeopleMedia #ဘင်္ဂလီ
(unicode)
…………………………………………………………
#PeopleMedia #ဘငျ်ဂလီ