စစ်တွေ လေဆိပ်၌ မှတ်ပုံတင်အတု ကိုင်ဆောင်သည့် ဘင်္ဂလီတစ်ဦး ဖမ်းဆီးခံရ

PUBLISHED - January 31, 2022
စစ်တွေ၊ ဇန်နဝါရီ ၃၁ (People Media)
ဇန်နဝါရီ ၂၉ ရက်နေ့၊ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်၌ လေကြောင်းခရီးဖြင့် စစ်တွေမှ ရန် ကုန်သို့ သွားမည့် ဘင်္ဂလီတစ်ဦးသည် မှတ်ပုံတင်အတု ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့၌ စစ်တွေလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ လိုက်ပါမည့် ခရီးသည်များအား ပူးပေါင်းအဖွဲ့များက စစ်ဆေးနေစဉ် မောင်ဇွဲသူရအောင် (ဘ) မာမက်အီစမိုင်၊ ၂၈ နှစ်၊ ဘင်္ဂါလီ /အစ္စလာမ်နှင့် မောင်ဇေယျာလင်း(ဘ)မောင်ရွှေဘ၊ ၂၂ နှစ် ကမန်/အစ္စလာမ်တို့ ၂ ဦးအား စစ်ဆေးရာ မောင်ဇွဲသူရအောင် ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်မှာ အတုဟုယူဆရသည့်အတွက် ၎င်းတို့အား မြို့နယ်လဝကရုံးတွင် တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း ရခိုင့်နေစဉ်မှ ဖော်ပြထားသည်။
ထိုသို့စစ်ဆေးခဲ့ရာ ဇွဲသူရအောင်(ခ) အဒူရော်မန်မှာ တရားမဝင်ပြုလုပ်ထားသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အတုကိုင်ဆောင်ထားသူဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သဖြင့် ဇွဲသူရအောင် (ခ)အဒူရော်မန်အား ဥပဒေအရ အရေးယူရန် ဆက်လက်ဆောင်ရွက်နေကြောင်းနှင့် မောင်ဇေယျာလင်းကိုင်ဆောင်သည့်ကတ်မှာ မှန်ကန် သည့်အတွက် ညနေ ၆ နာရီအချိန်ခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ရခိုင့်နေစဉ်၏ ဖော်ပြချက်အရ သိရသည်။
Photo – ရခိုင့်နေစဉ်
#PeopleMedia #စစ်တွေမြို့
(unicode)
………………………………………………………….