• Follow Us on
Latest News

Home စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ PDF အဖွဲ့ဝင် ၁၇ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ PDF အဖွဲ့ဝင် ၁၇ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်

Share this post

နေပြည်တော်၊ သြဂုတ် ၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သြဂုတ်လ ၂ ရက်နေ့တွင် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နယ်မြေများအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန် ခြင်းမရှိသည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တမူး၊ ကလေး၊ ကန့်ဘလူနှင့် ဂန့်ဂေါတပ်နယ်တို့ရှိ ခန်းမများ၌ အသီးသီးပြုလုပ်ရာ စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် ဌာနဆိုင်တာဝန်ရှိသူများ၊ ပြန်လည် အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

 

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စစ်ကိုင်းတိုင်းဒေသ ကြီး၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့ နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် ၎င်းတို့နှင့်အတူ ပါလာသည့် မောင်းပြန် သေနတ် ၄ လက်၊ ပစ္စတိုသေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံးနှင့် စကားပြောစက် ၂ လုံးတို့အား အပ်နှံကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူပြီး မောင်းပြန်သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၄ ဦးအား ၁ ဦးလျှင်ဆုကြေးငွေ သိန်း ၅၀ ကျပ်၊ ပစ္စတို သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ဆု ကြေးငွေ သိန်း ၂၀ ကျပ်၊ လက်ပစ်ဗုံး ၂ လုံးနှင့် စကားပြောစက် ၂ လုံးတို့ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ၇ သိန်းကျပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလင်းဝင်ရောက်လာသူ များအား ၁ ဦးလျှင် သိန်း ၂၀ ကျပ်၊  စုစုပေါင်းငွေကျပ် ၅၆၇ သိန်း၊ ထောက်ပံ့ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ  ပေးအပ်ရာ အလင်းဝင် ရောက်လာသူများက လက်ခံရယူကြသည်။ ယင်းနောက် အလင်းဝင်ရောက်လာသူများအား ဝန်ခံကတိလက် မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှု များ ဆောင်ရွက်ပေးကာ လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ထိုက်ထိုက်တန်တန် ထောက်ပံ့ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရသည်။

 

#PeopleMedia


Share this post