စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ PDF အဖွဲ့ဝင် ၁၀ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်

PUBLISHED - August 28, 2023
နေပြည်တော်၊ ဩဂုတ် ၂၈
ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန် လည်လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူး မြို့နယ်၊ ကလေးမြို့နယ်၊ မုံရွာ မြို့နယ်၊ ခန္တီးမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် မကွေး တိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တို့ရှိ တပ်နယ်ခန်းမများ၌ အသီးသီးပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ထို့နောက် ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စစ်ကိုင်း တိုင်း ဒေသကြီး၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ မုံရွာမြို့နယ်၊ ခန္တီးမြို့နယ်၊ ဝက်လက် မြို့နယ်နှင့် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် ၎င်းတို့နှင့်အတူ ပါလာသည့် M – 416 မောင်းပြန် သေနတ် ၁ လက်၊ M- 16 ကျည်အိမ် ၁ ခု၊ ၅ ဒသမ ၅၆ ကျည် ၂၅ တောင့်နှင့် လက်ပစ်ဗုံး ၁ လုံး တို့အား အပ်နှံကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသီးသီး လက်ခံ ရယူကြပြီး M – 416 မောင်းပြန်သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေ သိန်း ၅၀ ကျပ်၊ လက်ပစ်ဗုံး ၁ လုံးဖြင့် အလင်းဝင်ရောက် လာသူ ၁ ဦးအား ဆုကြေးငွေ ၃ သိန်းကျပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ အလင်းဝင်ရောက်လာသူ များအား ၁ ဦးလျှင် သိန်း ၂၀ ကျပ်၊ စုစုပေါင်းငွေကျပ် ၂၅၃ သိန်း၊ ထောက်ပံ့ ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ အလင်းဝင်ရောက်လာသူများက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် အလင်းဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံသို့ လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား ပြန်လည်ကြိုဆို လက်ခံ၍ လက်နက်/ ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေး ငွေများ ပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့်ကူညီပံ့ပိုး မှုများ ဆောင်ရွက်ပေးလျက် ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရသည်။
#PeopleMedia