စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ကျပ် ၁ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၁၅ သိန်း ဖမ်းဆီးရမိ
PUBLISHED - August 14, 2024
နေပြည်တော်၊ ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ငွေကျပ် ၁ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၇ ဒသမ ၁၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် စစ်ကိုင်း တိုင်းဒေသကြီး၊ ယင်းမာပင်မြို့၊ (ဂ)ရပ်ကွက်၊ မြို့မဈေးရှေ့တွင် မုံရွာမှ ယင်းမာပင်ဘက်သို့ ခင်မောင်ဆန်း မောင်းနှင်ပြီး လွင်မင်းသန့် လိုက်ပါလာသည့် CANTER ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ်လ ၉ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ကွင်းဆက်တရားခံ ကြင်ဆွန်း(ခ)ကျင်စွမ်း အား HILUX SURF မော်တော် ယာဉ် ၁ စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၇ သိန်းနှင့် လည်းကောင်း၊ ယင်းနေ့ နံနက် ၉ နာရီခွဲအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ထွဋ်မြတ်ဦး(ခ)အီးတီ ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ခင်မောင်ဆွေအား စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၄၅ သိန်းနှင့် လည်းကောင်း၊ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ် ဆေးပြားများအား မန္တလေးမှ ကလေးသို့ သယ်ဆောင်ခိုင်းသူ ထွဋ်မြတ်ဦး(ခ)အီးတီအား ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ရန်ကုန် – မန္တလေးအမြန်လမ်း၊ (၂၀၁)မိုင် တိုးဂိတ်တွင်လည်းကောင်း အသီးသီးဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia