• Follow Us on

Home စစ်ကိုင်းတိုင်းရှိ PDF များထံ ပို့ဆောင်မည့် လက်နက်/ခဲယမ်းများနှင့်အတူ တရားခံ ၃ ဦးအား ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းရှိ PDF များထံ ပို့ဆောင်မည့် လက်နက်/ခဲယမ်းများနှင့်အတူ တရားခံ ၃ ဦးအား ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၆

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များထံ ပို့ဆောင်မည့် လက်နက်/ခဲယမ်း များနှင့်အတူ တရားခံ ၃ ဦးအား ဖေဖော်ဝါရီလ ၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သိရသည်။

 

NUG လက်အောက်ခံ မန္တလေး PDF အမည်ခံအကြမ်းဖက်အဖွဲ့နှင့် No-More Dictatorship အမည်ခံ အကြမ်း ဖက်အဖွဲ့ များသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှတစ်ဆင့် လက်နက်/ခဲယမ်းများအား ကား ဂီယာဘောက်အတွင်း ထည့်သွင်း၍ ခရီးသည်တင်ယာဉ်များဖြင့် မန္တလေးမြို့သို့ သယ်ဆောင်လျက်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ သတင်း ပေးပို့ချက်အရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် ညနေပိုင်းတွင် အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၉၀ လမ်း၊ ၂၁ x ၂၂ လမ်းကြား၌ သီတာစိုး (ခ)မစိုးနှင့် တိုးညွန့်တို့အား ကားဂီယာဘောက်အဟောင်းအတွင်း သိုဝှက်သိမ်းဆည်းထား သည့် SIG SAUER ပစ္စတို ၅ လက်၊ ANSAR ပစ္စတို ၁ လက်၊ BLOW ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ၉ မမကျည် ၁၀၀ တောင့်၊ ပွိုင့်-၃၈၀ ကျည် ၂၀၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိတရားခံ သီတာစိုး(ခ)မစိုး၏ ထွက်ဆိုချက်အရ အောင်မြေသာစံ မြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၇၀)၊ ၁၂(ဘီ)လမ်းနှင့် ၈၇ လမ်းထောင့်၌ ကေခိုင်(ခ)ကေကေ အား ထပ်မံဖမ်းဆီးရမိခဲ့ပြီး၊   ဖြစ်စဉ်တွင် တရားခံ ကျား ၁ ဦး၊ မ ၂ ဦးနှင့်အတူ ပစ္စတိုမျိုးစုံ ၈ လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၃၀၀ တောင့်တို့အား ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့‌နေ ဖမ်းဆီးရန်ကျန် တရားခံ တစ်ဦးမှ လက်နက်/ခဲယမ်းများအား ကားဂီယာဘောက်အဟောင်းများအတွင်း သိုဝှက်ထည့်သွင်း၍ ခရီးသည်တင်ယာဉ်များဖြင့် ပို့ဆောင်ပေးပြီး မန္တလေးသို့ ရောက်ရှိစဉ် သီတာစိုး(ခ)မစိုး၊ ကေခိုင်(ခ) ကေကေ နှင့် တိုးညွန့်တို့မှ ကားဂိတ်တွင် သွားရောက်ယူဆောင်ကာ စစ်ကိုင်းမြို့နယ်၊ ၁၄ မိုင် ကျေးရွာအနီး၌ NMD အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံ မျိုးမင်းရန်နိုင်ထံသို့ ပို့ဆောင်ပေးရကြောင်း၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ လက်နက်/ခဲယမ်းများအား ၄ ကြိမ် ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ထုတ် သိရသည်။

 

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက် ကြရန်နှင့် သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိ ကြောင်း သိရသည်။

 

#PeopleMedia


Share this post