• Follow Us on

Home စစ်ကိုင်းတိုင်းအတွင်း မြို့ရွာများမှ PDF များ မတရားဖမ်းဆီးထားသည့်နိုင်ငံ့ဝန်ထမ်းအပါအဝင် လူ ၃၀ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်ခဲ့

စစ်ကိုင်းတိုင်းအတွင်း မြို့ရွာများမှ PDF များ မတရားဖမ်းဆီးထားသည့်နိုင်ငံ့ဝန်ထမ်းအပါအဝင် လူ ၃၀ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်ခဲ့

Share this post

နေပြည်တော်၊ ဩဂုတ် ၁၀

 

NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့ရွာ များမှ မတရားအနိုင်ကျင့်ဖမ်းဆီးချုပ်နှောင်ထားသော နိုင်ငံဝန်ထမ်းနှင့် ကျေးရွာသူ၊ ကျေးရွာသား၊ စုစုပေါင်း ၃၀ ဦးအား ယမန်နေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာရှိ နေအိမ် ၂ လုံး အတွင်းမှ ကောင်းမွန်စွာ ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုန်းကုန်းကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ လယ်ကွင်းများ၌ စပါးစိုက်ပျိုးနေကြသည့် ဒေသခံပြည်သူ ၂၁ ဦးနှင့် နွား၊ သိုး၊ ဆိတ်နှင့်လှည်းများအား ဩဂုတ် ၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက အတင်းအဓမ္ဓဖမ်းဆီး ခေါ်ဆောင်သွား ပြီး အဆိုပါကျေးရွာသူ၊ ကျေးရွာသားများအား ငွေကြေးဖြင့်လာရောက်ရွေးရန် အတင်းအဓမ္မခြိမ်းခြောက်ခြင်း များ လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံပြည်သူများက ဖမ်းဆီးခံကျေးရွာသူ၊ ကျေးရွားသားများအား ပြန်လည် ကယ်တင်ပေးရန် နယ်မြေခံတပ်သို့ လာရောက်အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဒေသခံပြည်သူများ၏ လာရောက်အကူအညီတောင်းခံမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မြေပြင်သတင်း ဖော်ထုတ်၍ ယမန်ေနေ့နံနက် ၁ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများ ယာယီအခြေပြုနေထိုင် သည့် ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာသို့ ဝင်ရောက်စီးနင်း ရှာဖွေကယ်ဆယ်ခြင်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက်သမားများ ဖမ်းဆီးထားသော ဘုန်းကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ အပြစ်မဲ့ဒေသခံပြည်သူ ၂၉ ဦးနှင့် မီးသတ်ဝန်ထမ်း ၁ ဦး၊ စုစုပေါင်း ၃၀ ဦးတို့အား ကယ်ဆယ်နိုင်ခဲ့ပြီး PDF အမည်ခံအကြမ်းဖက်သမားများထံမှ လက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ်ဗုံးသီး ၄၂ လုံး၊ လက်လုပ် ရှော့တိုက်ဒုံး ၁၂ လုံး၊ လက်လုပ်သေနတ် ၄ လက်၊ မိုင်းမျိုးစုံ ၁၆ လုံးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

 

အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ ရိုးသားစွာနေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသော အပြစ်မဲ့ ကျေးရွာသူ၊ ကျေးရွာသားများကို အတင်းချုပ်နှောင်ဖမ်းဆီး ခြင်း၊ နိုင်ငံဝန်ထမ်းများကို အကြပ်ကိုင်ခြိမ်း ခြောက်ချုပ်နှောင်ခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု (Counter-terrorism Action) ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post