စစ်ကိုင်းမြို့တွင် ဆိုင်ကယ်ခိုးသူ (၁၀) ဦးနှင့်အတူ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိ

PUBLISHED - January 15, 2024
နေပြည်တော်၊ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့တွင် မော်တော်ဆိုင်ကယ်များလိုက်လံခိုးသူ(၁၀) ဦးနှင့်အတူ မော်တော်ဆိုင်ကယ်များကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရရှိကြောင်း သိရသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်တွင်နေထိုင်သည့် မထွေးလေး၏နေအိမ်သို့ ရဲတပ်ဖွဲ့ ဝင်များမှ သွားရောက်စစ်ဆေးရာတွင် မသင်္ကာဖွယ်ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ထိုအမျိုးသမီး၏ ထွက်ဆိုချက်အရ သူ၏အစ်ကိုဖြစ်သည့် သန်းလင်း၊ သန်းထိုက် နှင့် ၎င်းတို့၏တူဖြစ်သည့် သန့်ဇင်ဦး၊ ပြည့်စုံအောင်ဆိုသူတို့က စစ်ကိုင်းတောင်ရိုး၊ ရုပ်စုံကျောင်းအနီးတွင်နေထိုင်သည့် အမျိုးသားတစ်ဦး ထံမှ ဓါးထောက်လုယက်ထားတဲ့ဆိုင်ဖြစ်ကြောင်းနဲ့ ထိုမော်တော်ဆိုင်ကယ်ကို ၎င်းတို့က ငွေ (၁၀) သိန်းကျပ်နဲ့ ဝယ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဆက်လက်ရှာဖွေရာတွင် သန်းလင်းနဲ့ သန်းထိုက်တို့နှစ်ဦးဟာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး သန့်ဇင်ဦးနဲ့ ပြည့်စုံတို့ကို ၎င်းတို့၏နေအိမ်မှ သက်သေခံဓါးတွေနှင့်အတူ ဖမ်းမိရမိခဲ့ကြောင်း၊ ထိုတရားခံနှစ်ဦး၏ ဝန်ခံထွက်ဆိုချက်အရ ဆက်စပ်တရားခံတွေဖြစ်တဲ့ စိုးလင်းထက် (ခ) တရုတ်ကြီး၊ ပြည့်စုံအောင်၊ ချစ်ဦး၊ ဇင် မင်းထက်၊ အငယ်လေး၊ လှိုင်မျိုးဝင်း၊ မြတ်ကိုကို ဆိုသူတို့ကို ခိုးယူ/ လုယက်ထားသည့် မော်တော်ဆိုင်ကယ် တွေနှင့် စစ်ကိုင်းမြို့ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။
Photo – Credit
#PeopleMedia