စစ်ကိုင်းမြို့တွင် မိုင်းပေါက်ကွဲ၍ ပလုံကောက်သည့် မိသားစုဝင် (၄) ဦးအနက် (၁) ဦး သေဆုံး
PUBLISHED - January 5, 2024
နေပြည်တော်၊ ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ နီလာဦးရပ်ကွက် ဦးပြားပဲခွဲစက်အနီးရှိ ရထားသံလမ်းဘေး ရှိ အမှိုက်ပုံတွင် PDF များထောင်ထားသည့် မိုင်းမှာပေါက်ကွဲ၍ ပလုံကောက်သည့် မိသားစုဝင် (၄) ဦးအနက် ကလေးငယ် (၁) ဦး သေဆုံးသွားကြောင်း သိရသည်။
ဇန်နဝါရီလ ၃ ရက် နံနက် ၉ နာရီဝန်းကျင်တွင် အမှိုက်များအတွင်းရှိ ဗူးခွံ၊ ပုလင်းခွံများကို မိသားစုလိုက်လံ ရှာဖွေရာမှ PDF များထောင်ထားသည့် မိုင်းမှာ ပေါက်ကွဲရာ မိသားစုလိုက် ဗုံးစထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုမိုင်းပေါက်ကွဲမူကြောင့် ဒဏ်ရာရရှိသည့် မိသားစုဝင် (၄) ဦးကို စစ်ကိုင်းဆေးရုံသို့ ပြည်သူများမှပို့ဆောင်ရာ ဆေးရုံအရောက်တွင် ဒဏ်ရာပြင်းထန်ရရှိသည့် အသက် (၇) နှစ်အရွယ် မောင်ဇေယျာလင်းမှာ သေဆုံးပြီး၊ ဒဏ်ရာရရှိသူများမှာ အသက်(၄၅)နှစ်အရွယ် ဖခင်ဖြစ်သူ ကိုအောင်အောင်၊ အသက် (၃၂) နှစ်အရွယ် ဇနီး ဖြစ်သူ မသင်းသင်းလှ၊ ၎င်းတို့၏ အသက် (၃) နှစ်အရွယ် မရိူင်းဝါတို့မှာ စစ်ကိုင်းဆေးရုံမှတစ်ဆင့် မန္တလေး ဆေးရုံသို့ လွှဲပြောင်းဆေးကုသမှူခံယူနေရကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်အတူ ပြီးခဲ့သည့် နှစ်ပိုင်းကလည်း စစ်ကိုင်းမြို့တွင် အမှိုက်ကောက်သည့် မိသားစုဝင်များ အမှိုက်ကောက်ရင်း မိုင်းပေါက်ကွဲမူကြောင့် သေဆုံးသူများရှိသလို ဆေးကုသမူခံယူနေရသည့် ဖြစ်စဉ်များ လည်းရှိခဲ့သည်။
Photo – Credit
#PeopleMedia