• Follow Us on
Latest News

Home စစ်ကိုင်းမြို့တွင် MPT ဝန်ထမ်းနှစ်ဦးအပါအဝင် (၄) ဦး သေနတ်ပစ်ခံရ၍ (၂) ဦး သေဆုံး

စစ်ကိုင်းမြို့တွင် MPT ဝန်ထမ်းနှစ်ဦးအပါအဝင် (၄) ဦး သေနတ်ပစ်ခံရ၍ (၂) ဦး သေဆုံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ ရန်အောင်ကွက်သစ်ရပ်ကွက်တွင် PDF များမှ သေနတ်ဖြင့် ပစ်ခတ်ရာ MPT ဝန်ထမ်း (၂) ဦး၊ ကျောင်းသူ (၁) ဦးနှင့် ရာအိမ်မှူးတို့ သေနတ်ပစ်ခံရပြီး (၂) ဦး သေဆုံးသွား ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၆ ရက် ည ၉ နာရီအချိန်တွင် PDF များမှ ဦးဝင်းနိုင်၏ နေအိမ်သို့ရောက်ရှိလာပြီး ထိုနေအိမ်အ တွင်း ရှိနေသည့် ဦးဝင်းနိုင်၏ မိသားစုဝင် (၃) ဦးကို သေနတ်ဖြင့်ပစ်ခတ်သွားပြီးနောက် ထိုကျေးရွာရှိ ရာအိမ်မှူးဟောင်း ဦးဇော်မင်းကိုလည်း သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခံရမူကြောင့် သေဆုံးသည့် အသက်(၅၄) နှစ်အရွယ် ဦးဝင်းနိုင်မှာ MPT ဝန်ထမ်း (ကျွမ်းကျင်အ ဆင့်- ၅)၊ ၎င်း၏ ဇနီးဖြစ်သူ ဒဏ်ရာရရှိသည့် အသက်(၄၃) နှစ် MPT ဝန်ထမ်း (ကျွမ်း ကျင်အဆင့်-၅)၊ ၎င်း တို့၏ သမီးဖြစ်သူ ဒဏ်ရာရရှိသည့် အသက်(၁၆) နှစ်အရွယ် မနှင်းနုဝေတို့ဖြစ်ကြောင်း၊ သေဆုံးသည့် ရာ အိမ်မှူးဟောင်း အသက် (၅၅) နှစ်အရွယ် ဦးဇော်မင်းမှာသေဆုံးကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post