• Follow Us on
Latest News

Home စစ်ကိုင်းမြို့တွင် PDF အလောင်း (၁) လောင်းနှင့်အတူ လက်နက်သိမ်းဆည်းရရှိ

စစ်ကိုင်းမြို့တွင် PDF အလောင်း (၁) လောင်းနှင့်အတူ လက်နက်သိမ်းဆည်းရရှိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ ပဒူကျေးရွာအနီးတွင် PDF အလောင်း (၁) လောင်းကို လုံခြုံရေးတပ်ဖွဲ့မှ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၆ ရက် နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကိုင်းမြို့ရှိ ကျေးရွာတစ်ချို့ကို လုံခြုံရေးတပ်ဖွဲ့မှ နယ်မြေ ရှင်းလင်းရေးဆောင်ရွက်နေစဉ်အတွင်း PDF များနှင့်လုံခြုံရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရ သည်။

 

ထိုပစ်ခတ်ရာတွင် PDF အလောင်း (၁) လောင်း၊ Egal မှန်ပြောင်း ၁ လက်နှင့် လက်လုပ်ရှေ့ထွက်မိုင်း ၂ လုံး တို့ကို သိမ်းဆည်းရရှိကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့်အတူ ရွှေဘိုမြို့တွင်လည်း မိုင်းထောင်သည့် PDF (၂) ဦးကို လုံခြုံရေးတပ်ဖွဲ့မှ အသေဖမ်းဆီး ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post