• Follow Us on
Latest News

Home စစ်ကိုင်းမြို့တွင် PDF (၂) လောင်းနှင့်အတူ လက်နက်များသိမ်းဆည်းရမိ

စစ်ကိုင်းမြို့တွင် PDF (၂) လောင်းနှင့်အတူ လက်နက်များသိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ ပန်းချီကျေးရွာအနီးတွင် PDF (၂) လောင်းနှင့်အတူ လက်နက်များကို လုံခြုံရေးတပ်ဖွဲ့များမှ သိမ်းဆည်းရရှိကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၁၂ ရက် နံနက် ၉ နာရီဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့များမှ စစ်ကိုင်းမြို့ရှိ နယ်မြေတစ်ချို့ကို နယ် မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ပန်းချီကျေးရွာအနီး၌ PDF များနှင့်လုံခြုံရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ် ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် PDF အလောင်း (၂) လောင်း၊ အမ်-၂၂ သေနတ် ၁ လက်၊ အမ်-၂၂ ကျည် ၄၇ တောင့်၊ အမ်-၂၂ ကျည်အိမ် ၁ ခုနှင့် အိုင်ကွန် ၁ လုံးတို့ကို သိမ်းဆည်းရရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post