• Follow Us on
Latest News

Home စစ်ကိုင်းမြို့တွင် PDF (၂) လောင်းနှင့်အတူ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း သိမ်းဆည်းရမိ

စစ်ကိုင်းမြို့တွင် PDF (၂) လောင်းနှင့်အတူ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ တဲကြီးကျေးရွာအနီးတွင် PDF (၂) လောင်းနှင့်အတူ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့များမှ သိမ်းဆည်းရရှိကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၈ ရက် နံနက် ၈: ၃၀ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေ စဉ် တဲကြီးကျေးရွာအနီးတွင် PDF များနှင့်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ထိုတိုက်ပွဲများဖြစ်ပွားရာတွင် PDF အလောင်း(၂) လောင်း၊ ၎င်းတို့၏ နေသည့်နေအိမ်ထဲတွင် လက်လုပ်သေ နတ်(အရှည်) ၂၃ လက်၊ လက်လုပ် ၄၀မမသေနတ် ၂ လက်၊ ၄၀မမ လက်လုပ်ဗုံးသီး ၅ လုံး၊ လက်လုပ်စနိုက်ပါ ၁ လက်၊ လက်လုပ်သေနတ်(အတို) ၃ လက်၊ ၁၂ ဗိုကျည် ၆၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၃ ခု၊ စကားပြောစက် ၂ လုံး၊ စကားပြောစက်တိုင် ၅ ချောင်း၊ လက်လုပ်မိုင်းမျိုးစုံ ၂၈ လုံး၊ ဆိုင်ကယ်ဘက္ထရီအိုး ၄ လုံး၊ ၅.၅၆ ကျည် ၁၃၅ တောင့်၊ အေကေ-၄၇ ကျည် ၃၀ တောင့်၊ ယမ်းမှုန့်မျိုးစုံ ၃ ပိဿာ၊ လက်လုပ်ကျည် ၅ တောင့်၊ ခဲပြား ၁ ပိဿာ၊ လက်လုပ်ဒင် ၆ ခု၊ ဝရိန်စက် ၅ လုံး၊ ယမ်းကြိုး ၁ ခွေ၊ Drone ၁ စီး၊ Drone ဆက်စပ်ပစ္စည်း ၁ ခု၊ လေသေနတ်လေအိုး ၂ ခု၊ ဒီတိုနေတာ ၄၀ ချောင်း၊ မိုင်း/ ယမ်းကြိုးမျိုးစုံ ၄ မျိုး၊ ဒိုင်းလွှ ၁ ချောင်း၊ သေနတ်/ မိုင်းပြုလုပ်သည့်ပစ္စည်းမျိုးစုံ ၁ ပုံး၊ ပြောက်ကျားကျောပိုးအိတ် ၁ လုံးနှင့် နိုင်ငံသားစိစစ်ရေးကတ် ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post