• Follow Us on
Latest News

Home စစ်ကိုင်းမြို့နယ်တွင် တူအရီး သားအဖ စကားများရာမှ သားနှင့် တူပေါင်းပြီး အဖေ/ဦးလေး တော်စပ်သူအား ပေါက်ပြားဖြင့် ခုတ်သတ်

စစ်ကိုင်းမြို့နယ်တွင် တူအရီး သားအဖ စကားများရာမှ သားနှင့် တူပေါင်းပြီး အဖေ/ဦးလေး တော်စပ်သူအား ပေါက်ပြားဖြင့် ခုတ်သတ်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပဲကတိုးရွာတွင် တူအရီး သားအဖ စကားများ ရန်ဖြစ်ရာမှ သား ဖြစ်သူနှင့် တူဖြစ်သူပေါင်းပြီး အဖေ/ဦးလေး တော်စပ်သူအား ပေါက်ပြားဖြင့် ခုတ်သတ်လိုက်ကြောင်း သိရ သည်။

 

ဇန်နဝါရီလ (၁၅) ရက် ည (၉) နာရီခွဲအချိန်က စစ်ကိုင်းမြို့နယ်၊ ပဲကတိုးရွာရှိ အရက်ဆိုင်တစ်ဆိုင်တွင် ဦးလေးဖြစ်သူ ဦးမင်းကျော်နှင့် တူဖြစ်သူတို့ စကားများရန်ဖြစ်ကြကြောင်း သိရသည်။

 

ယင်းနောက်တွင် အသက် (၄၂)နှစ်အရွယ်ရှိ ဦးမင်းကျော်သည် အရက်ဆိုင်မှ နေအိမ်သို့ ပြန်လည်ရောက်ရှိ လာပြီး သားဖြစ်သူနှင့် ထပ်မံ စကားများ ရန်ဖြစ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ရန်ဖြစ်နေစဉ် တူဖြစ်သူ ရောက်ရှိလာကာ ဦးမင်းကျော်၏ သားဖြစ်သူနှင့် ပေါင်းပြီး ဦးမင်းကျော်အား ပေါက်ပြားဖြင့် ခုတ်သတ်လိုက်သဖြင့် ဦးမင်းကျော်သည် အခင်းဖြစ်ပွါးသည့်နေရာတွင် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။

 

၎င်းနောက်တွင် သေဆုံးသွားသည့် ဦးမင်းကျော်၏ ရုပ်အလောင်းအား အိုးဘို Rescue မှ သွားရောက် သယ်ယူပြီး စစ်ကိုင်းဆေးရုံ Opd မှ တဆင့် အနောက် ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post