• Follow Us on

Home စစ်ကိုင်းမြို့နယ်တွင် ၁ ရက်အတွင်း အမျိုးသား ၃ ဦး ပစ်ခတ်ခံရ၍ သေဆုံး

စစ်ကိုင်းမြို့နယ်တွင် ၁ ရက်အတွင်း အမျိုးသား ၃ ဦး ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာနှင့် ပိုးတန်းရပ်ကွက်တို့တွင် ၁ ရက်အတွင်း အမျိုး သား ၃ ဦး ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။

 

စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာနေ ဦးစိုးမိုးသိန်း (၅၄) နှစ်သည် ဩဂုတ်လ ၂၈ ရက်နေ့ ည ၈ နာရီအချိန် တွင် ၎င်းပိုင် ထိပ်တန်းစက်သုံးဆီဆိုင်၌ ထမင်းစားနေစဉ် PDF အဖွဲ့ အင်အား ၉ ဦး (စိစစ်ဆဲ) က ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဒလန်ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးစိုးမိုးသိန်းတွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ထို့နောက် ၎င်းအကြမ်းဖက်အဖွဲ့သည် ည ၈ နာရီခွဲအချိန်တွင် အဆိုပါကျေးရွာရှိ ဦးချိုတူးမောင် (၄၇) နှစ်၏ နေအိမ်သို့ ဆက်လက်သွားရောက်၍ သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့သဖြင့် ဦးချိုတူးမောင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

 

အလားတူ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းမြို့နယ်၊ မိုးဇာရပ်ကွက်နေ ဦးအောင်သွေးဦး(ခ)ဘိုး တော်လေး (၅၃) နှစ်သည် ပိုးတန်းရပ်ကွက်ရှိ မိုးကြီးကွမ်းယာဆိုင်ရှေ့၌ ကွမ်းယာဝယ်နေစဉ် PDF အကြမ်း ဖက်အဖွဲ့ အင်အား ၂ ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးအောင် သွေးဦး(ခ)ဘိုးတော်လေးတွင် ကျည်ထိမှန်ဒဏ်ရာ ၁ ချက်ရရှိ၍ သေဆုံးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post