• Follow Us on

Home စစ်ကိုင်းမြို့နယ်တွင် PDF အဖွဲ့ဝင် အလောင်း (၄) လောင်းနှင့် လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်း ဆည်းရမိ

စစ်ကိုင်းမြို့နယ်တွင် PDF အဖွဲ့ဝင် အလောင်း (၄) လောင်းနှင့် လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်း ဆည်းရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ထန်းတောကျေးရွာအနီးတွင် PDF အဖွဲ့ဝင် အလောင်း (၄) လောင်း နှင့်အတူ လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

 

ဇန်နဝါရီလ (၇) ရက် နံနက် (၁၁) နာရီခွဲခန့်တွင် ထန်းတောကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ ကင်းပုန်းဝပ်စောင့် ဆိုင်းနေစဉ် PDF အဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့သည်။

 

အဆိုပါ တိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင် (၄)ဦး သေဆုံးသွားပြီး Mark II ကား (၁)စီး၊ လက်လုပ်သေနတ် (၂)လက်၊ FGC-9 MK 2 သေနတ် (၃)လက်၊ ၉မမ ကျည် (၁၂)တောင့်၊ ကျည် အိမ် (၃)ခု၊ ဝရိန်ပုံး (၁)ခု၊ ပြောက်ကျားအင်္ကျီ (၁)စုံ၊ ယာဉ်နံပါတ်ပြား (၃)ခု တို့အား သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post