• Follow Us on

Home စစ်ကိုင်းမြို့နယ်တွင် PDF အဖွဲ့ဝင်များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

စစ်ကိုင်းမြို့နယ်တွင် PDF အဖွဲ့ဝင်များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ သဲနုပုံကျေးရွာအနီးတွင် PDF အဖွဲ့ဝင်များ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဩဂုတ်လ (၂၃)ရက် နံနက် (၁၀)နာရီခန့်က စစ်ကိုင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သဲနုပုံကျေးရွာအနီးတွင် PDF အဖွဲ့ဝင်များအား တွေ့ရှိသဖြင့် ချဉ်း ကပ်စဉ် PDF အဖွဲ့ဝင်များမှ တိမ်းရှောင်ထွက်ပြေးသွားကြောင်း သိရသည်။

 

ယင်းနောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ PDF အဖွဲ့ဝင်များ၏ လက်လုပ်ရှော့တိုက်ဗုံးသီး (၁၄)လုံး၊ ဘာဂျယ် ယမ်းပျော့ ၅၀ ချောင်းပါ (၃၆)ထုပ်၊ ကန့်ဝါ ၁၀ ပိဿာခန့် (၁)ထုပ်၊ သံဘောစိ ၅၀ လုံးပါ (၂၀)ထုပ်၊ သံဖောက် စက် (၂)လုံး၊ သံဖြတ်စက် (၂)လုံး၊ ဆိုင်ကယ်ဘက္ထရီ (၂)လုံး၊ ပြောက်ကျားယူနီဖောင်း ဘတ်တံဆိပ်မပါ (၄)စုံ၊ လျှပ်စီးမိုးကြိုး စာတန်းပါ အလံနီ (၁)ခု၊ Skat အမျိုးအစား ကားအဖြူရောင် (နံပါတ်မပါ) (၁)စီး တို့အား သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post