• Follow Us on

Home စစ်ကိုင်းမြို့နယ်ရှိ လူမှုဖူလုံရေးရုံးရှေ့၌ ဆိုင်ကယ်မိုင်းပေါက်ကွဲမှုကြောင့် လူမှုဖူလုံရေးဒုဦးစီးမှူး ၂ ဦး ဒဏ်ရာ ရရှိ

စစ်ကိုင်းမြို့နယ်ရှိ လူမှုဖူလုံရေးရုံးရှေ့၌ ဆိုင်ကယ်မိုင်းပေါက်ကွဲမှုကြောင့် လူမှုဖူလုံရေးဒုဦးစီးမှူး ၂ ဦး ဒဏ်ရာ ရရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၃၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဧမြဝတီရပ်ကွက်ရှိ လူမှုဖူလုံရေးရုံးရှေ့၌ ဆိုင်ကယ်မိုင်းပေါက်ကွဲမှု ကြောင့် လူမှုဖူလုံရေး ဒုတိယဦးစီးမှူး ၂ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် စစ်ကိုင်းမြို့နယ်၊ ဧမြဝတီရပ်ကွက်ရှိ လူမှုဖူလုံရေးရုံးရှေ့ လမ်းဘေးရှိ မြေကွက်လပ်၌ အကြမ်းဖက်သမားများ ရပ်တန့်ထားသည့် CZI-125 အမျိုးအစားအနက်ရောင် ဆိုင်ကယ်တွင် လက်လုပ်မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် ရုံးအတွင်း တာဝန်ထမ်းဆောင်နေသည့် လူမှုဖူလုံရေး ဒုတိယဦးစီးမှူးများဖြစ်သော ဒေါ်သဇင်ထွန်း (၄၃) နှစ်နှင့် ဒေါ်ခင်မျိုးသန်း (၄၆) နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာ များရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး စစ်ကိုင်းခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post