• Follow Us on
Latest News

Home စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာဒေသခံများအား PDF ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ၁၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိ၊ မြစ်သားမြို့နယ် ခရုတုတ်ကျေးရွာမှ သံဃာတော်တစ်ပါး PDF သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူ

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာဒေသခံများအား PDF ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ၁၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိ၊ မြစ်သားမြို့နယ် ခရုတုတ်ကျေးရွာမှ သံဃာတော်တစ်ပါး PDF သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာရှိ ဒေသခံများအား PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် အကြောင်းမဲ့ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူ အမျိုးသမီး ၁၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာအတွင်း၌ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသည့် ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယမန်နေ့နံနက်ပိုင်းတွင် မော်တော် ယာဉ်ဖြင့် သွားရောက်စဉ် ကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၁၃၀၀ ခန့်အကွာသို့ အရောက်၌ ပြည်ဖျက် PDF အမည်ခံအကြမ်းဖက်သမားများက ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့်အတွက် ရက်စက်ယုတ်မာစွာ ဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ အမျိုးသမီး ၁၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဒဏ်ရာရရှိခဲ့သူများအား လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက စစ်ကိုင်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အဆိုပါအကြမ်းဖက်သမားများအား ထပ်ကြပ်လိုက်လံ ချေမှုန်းနိုင်ရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

၂၀၂၃ ခုနှစ်၊ ဧပြီလတွင်လည်း PDF အမည်ခံအကြမ်းဖက်သမားများက အဆိုပါကြွယ်ပုံကျေးရွာအား Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အေးချမ်းစွာ နေထိုင်နေကြသော အပြစ်မဲ့ပြည်သူကလေးငယ် ၅ ဦး အပါအဝင် ၈ ဦး သေဆုံးပြီး ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

 

အလားတူ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ခရုတုတ်ကျေးရွာမှ ဆရာတော်ဘဒ္ဒန္တကောဝိဒသည် ကူမဲမြို့သို့ သွားရောက်စဉ် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက် ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆိုင်ကယ်တစ်စီး၊ ဖုန်းနှင့်ငွေများအား လုယက်ယူဆောင်သွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်ခဲ့မှုကြောင့် ဆရာတော်ဘဒ္ဒန္တကောဝိဒသည် ရရှိဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်သူ အမျိုးသားတစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post