စစ်ကိုင်းမြို့နယ်၊ ပန်းချီကျေးရွာအား လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခြင်းမရှိကြောင်း နစကထုတ်ပြန်

PUBLISHED - December 14, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာအုပ်စု၊ ပန်းချီကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဝင်ရောက်စီးနင်းစဉ် သုံးဦး ပစ်သတ်ခံရပြီး နေအိမ် ၃၀ ကျော်အား မီးရှို့ဖျက်ဆီးခဲ့သည်ဟု မဟုတ်မမှန် သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင်ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရကြောင်း သိရ သည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၂ ရက်တွင် ပန်းချီကျေးရွာအနီး၌ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေ ဖြင့် ကျေးရွာအတွင်းဝင်ရောက်စီးနင်းခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း သိရသည်။
တပ်မတော်သည်နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကိုထာဝစဉ်ကာကွယ်စောင့်ရှောက်လျက်ရှိ ကြောင်း၊ ပြည်သူလူထု ထိခိုက်နစ်နာစေမည့် လုပ်ရပ်များကို မည်သို့သောအခါမျှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် ဒေသတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ပျက်စီးစေရန် လုပ်ဆောင်လျက်ရှိပြီး အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများကဒေသခံပြည်သူများမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်၊ ပြည်သူနှင့် တပ်မတော်ပူးပေါင်း၍ အကြမ်းဖက်မှု ချေမှုန်းရေးစစ်ဆင်ရေး ဆောင်ရွက်နေမှုကို ထိခိုက်စေရန်အတွက် မဟုတ်မမှန် လုပ်ကြံ၍ သတင်းမှားများကို ဖန်တီးရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရသည်။
#PeopleMedia